Connect with us

Asia

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ်တို့ တွေ့ဆုံ

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် (ယာ) နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ်တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ဂိုယန်၊ တောင်ကိုရီးယား၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ်တို့သည် နှစ်နိုင်ငံ နယ်စပ်ကျေးရွာဖြစ်သော ပန်မွန်ဂျုံ၌ ပထမဆုံးအကြိမ်အဖြစ် ယနေ့ (ဧပြီလ ၂၇ ရက်) နံနက်ပိုင်းတွင် တွေ့ဆုံခဲ့သည်။

မွန်သည် နယ်စပ်မျဉ်းအား ဖြတ်ကျော်၍ ကင်အား ကြိုဆိုကာ တောင်ကိုရီးယားနိုင်ငံဘက်သို့ အတူတကွ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ကင်သည် ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲအပြီး နယ်စပ်မျဉ်းအား ဖြတ်ကျော်ကာ တောင်ကိုရီးယားနိုင်ငံမြေပေါ်သို့ ခြေချခဲ့သည့် ပထမဆုံး မြောက်ကိုရီးယား ခေါင်းဆောင်တစ်ဦးလည်းဖြစ်ကြောင်းသိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117