ပေကျင်း၊မတ် ၄ ရက်(ဆင်ဟွာ)တရုတ်နိုင်ငံသည် COVID-19 ရောဂါကာကွယ်ဆေးကို ဘေးကင်းလုံခြုံမှု နှင့် အာနိသင်ရှိမှုတို့ကို ပထမဦးစားပေးကာ အစဉ်အမြဲထုတ်လုပ်လျက်ရှိကြောင်း တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ နှစ်ပတ်လည် ပုံမှန်အစည်းအဝေး၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မတ် ၃ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊မတ် ၄ ရက်(ဆင်ဟွာ)တရုတ်နိုင်ငံက နိုင်ငံပိုင်ဆေးဝါးလုပ်ငန်းဖြစ်သော Sionpharm မှ COVID-19 ရောဂါကာကွယ်ဆေး အမြောက်အမြားထုတ်လုပ်နေပြီး ယခုနှစ်အတွင်း ဆေးအလုံးရေ တစ်ဘီလံယံကျော် ထုတ်လုပ်ပေးနိုင်ရန် မျှော်လင့်ထားကြောင်း Sinopharm ကုမ္ပဏီ အုပ်စု ဥက္ကဌ Yu Qingming က မတ် ၃ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တွင် မတ် ၂ ရက် မွန်းလွဲ ၂ နာရီအထိ COVID-19 ကာကွယ်ဆေးထိုးနှံပြီးသူ ၅ သန်းကျော်ရှိပြီဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့သည်။
ရီယိုဒီဂျနေရိုး ၊ မတ် ၃ ရက်(ဆင်ဟွာ) ဘရာဇီးဂန္တဝင်ဘောလုံးအကျော်အမော် ပီလီက COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ပြီး“ လုံးဝမမေ့နိုင်စရာ” ဖြစ်ကြောင်း နှင့် ကပ်ရောဂါအဆုံးသတ်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ဗျူနိုအေးရိစ် ၊ မတ် ၂ ရက် (ဆင်ဟွာ) ဥရုဂွေးနိုင်ငံတွင် မတ်လ ၁ ရက်မှ စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းအားစတင်ဆောင်ရွက်ခဲ့ပြီး နိုင်ငံသို့ ပထမအသုတ် ရောက်ရှိလာသည့် တရုတ်နိုင်ငံ Sinovac ကုမ္ပဏီ ထုတ် COVID-19 ရောဂါ...
မနီလာ၊မတ် ၂ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်ငံသမ္မတဒူတာတေးက ဖိလစ်ပိုင်နိုင်ငံတွင် COVID-19 ရောဂါတိုက်ဖျက်ရန် Sinovac ကာကွယ်ဆေးများ ပေးပို့လှူဒါန်းသည့် တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုက်သည်။
မနီလာ ၊ မတ် ၁ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၌ တရုတ်နိုင်ငံမှ လှူဒါန်းသည့် Sinovac ကုမ္ပဏီထုတ် CoronaVac ကာကွယ်ဆေး ရောက်ရှိလာပြီးနောက် တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှံခြင်း အစီအစဉ်အား ယနေ့ မတ် ၁ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။
ဆန်တီရာဂို၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ချီလီနိုင်ငံတွင် COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး ဆက်လက်ဆောင်ရွက်နိုင်ရန် တရုတ်နိုင်ငံ Sinovac ဆေးဝါးလုပ်ငန်းမှ ကာကွယ်ဆေး စတုတ္ထမြောက်အသုတ်ကို ဖေဖော်ဝါရီ ၂၆ ရက်တွင် ချီလီအစိုးရ ကိုယ်စားလှယ်များက လက်ခံရရှိခဲ့ကြောင်း သိရသည်။
ဗျူနိုအေးရိစ် ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ဥရုဂွေးနိုင်ငံသမ္မတ Luis Lacalle Pou က ဖေဖော်ဝါရီ ၂၆ ရက်၌ ဥရုဂွေးနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ဝမ်ကန်း နှင့် သမ္မတအိမ်တော်၌ တွေ့ဆုံရာတွင် တရုတ်နိုင်ငံ၏ COVID-19 ရောဂါကာကွယ်ဆေးနှင့်ပတ်သက်၍ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် COVID-19 ကာကွယ်ဆေးများအတွက် သယ်ယူပို့ဆောင်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မည့် အအေးခန်းထရပ်ကားများနှင့် သေတ္တာများ လုံလုံလောက်လောက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။