Connect with us

Latin America

ဥရုဂွေးနိုင်ငံသမ္မတက တရုတ်နိုင်ငံ၏ COVID-19 ရောဂါကာကွယ်ဆေးနှင့်ပတ်သက်၍ ကျေးဇူးတင်ကြောင်းပြောကြား

ဥရုဂွေးနိုင်ငံသမ္မတ Luis Lacalle Pou မိန့်ခွန်းပြောကြားနေသည်ကိုမြင်တွေ့ရစဉ် (ဆင်ဟွာ)

ဗျူနိုအေးရိစ် ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ဥရုဂွေးနိုင်ငံသမ္မတ Luis Lacalle Pou က ဖေဖော်ဝါရီ ၂၆ ရက်၌ ဥရုဂွေးနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ဝမ်ကန်း နှင့် သမ္မတအိမ်တော်၌ တွေ့ဆုံရာတွင် တရုတ်နိုင်ငံ၏ COVID-19 ရောဂါကာကွယ်ဆေးနှင့်ပတ်သက်၍ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ဥရုဂွေးနိုင်ငံအစိုးရမှ ဝယ်ယူထားသော ပထမအသုတ် တရုတ်နိုင်ငံ Sinovac ကုမ္ပဏီ မှ COVID-19 ရောဂါကာကွယ်ဆေးများက ဖေဖော်ဝါရီ ၂၅ ရက်ညပိုင်းအချိန်တွင် ဥရုဂွေးနိုင်ငံမြို့တော် Montevideo သို့ရောက်ရှိခဲ့ပြီး ယင်းကာကွယ်ဆေးများက ဥရုဂွေးနိုင်ငံမှ ပထမဦးဆုံးအကြိမ် လက်ခံရရှိသော COVID-19 ရောဂါကာကွယ်ဆေးများဖြစ်ကြောင်း ၊ ဥရုဂွေးနိုင်ငံအနေဖြင့် မတ်လ ၁ ရက်နေ့မှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာ အကြီးစား အခမဲ့ ကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းကိုစတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဥရုဂွေးနိုင်ငံသမ္မတ Luis Lacalle Pou က မိမိအနေဖြင့် အစိုးရ နှင့် ပြည်သူလူထုကိုယ်စား တရုတ်နိုင်ငံအပေါ် လေးနက်စွာကျေးဇူးတင်လိုကြောင်း ၊ တရုတ်နိုင်ငံ Sinovac မှ ပထမအသုတ်သော COVID-19 ရောဂါကာကွယ်ဆေးများက ဥရုဂွေးနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ယင်းမှာလည်း ဥရုဂွေးနိုင်ငံ မှ ပထမဦးဆုံးရရှိခဲ့သည့် ကာကွယ်ဆေးဖြစ်ကြောင်း ၊ အခက်အခဲများနှင့် ကြုံတွေ့ရချိန်တွင် စစ်မှန်သော သံယောဇဉ်ကို တွေ့ရှိနိုင်ပြီး တရုတ်နိုင်ငံသည် ဥရုဂွေးနိုင်ငံ၏ မဟာဗျူဟာမိတ်ဖက်နိုင်ငံဖြစ်ကာ တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကို ဥရုဂွေးနိုင်ငံအနေဖြင့် မြင့်မားစွာအလေးထားကြောင်း ပြောကြားခဲ့သည်။

ဥရုဂွေးနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ဝမ်ကန်း က တရုတ်နိုင်ငံ Sinovac ကုမ္ပဏီမှ COVID-19 ရောဂါကာကွယ်ဆေးများ ဥရုဂွေးနိုင်ငံသို့ အဆင်ပြေချောမွေ့စွာရောက်ရှိခဲ့ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးသမိုင်း၏ အရေးကြီးသည့် ကိစ္စရပ်တစ်ခုဖြစ်ကြောင်း ၊ ယင်းမှာ နိုင်ငံခေါင်းဆောင်များ၏ နိုင်ငံခြားရေးအောင်မြင်မှု နှင့် တရုတ်-ဥရုဂွေး မဟာဗျူဟာမိတ်ဖက် ဆက်ဆံရေး ၏ အဆင့်မြင့်မားမှုတို့ကိုပေါ်လွင်စေခဲ့ကာ အေးအတူပူအမျှ အပြန်အလှန် စောင့်ရှောက်ကူညီသော လူသားမျိုးနွယ်အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို သက်ဝင်ဖော်ပြပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————————-

(Chinese Version)
(国际疫情)乌拉圭总统感谢中国提供新冠疫苗
2021-02-27 10:51:29 分类: 医药卫生
  新华社布宜诺斯艾利斯2月26日电(记者倪瑞捷)蒙得维的亚消息:乌拉圭总统拉卡列26日在总统府会见中国驻乌大使王刚,感谢中方提供新冠疫苗。
  乌拉圭政府采购的首批中国科兴新冠疫苗25日晚运抵乌首都蒙得维的亚,这是乌拉圭接收的首批新冠疫苗。乌拉圭将从3月1日起在全国范围内展开大规模免费疫苗接种工作。
  拉卡列代表乌政府和人民向中国表示衷心感谢。他表示,首批中国科兴新冠疫苗已运抵乌拉圭,这是乌获得的首批疫苗。患难见真情,中国是乌拉圭的战略伙伴,乌拉圭高度重视对华关系。
王刚表示,中国科兴新冠疫苗顺利抵乌,是两国关系史上的一件大事,充分体现了元首外交的丰硕成果和中乌战略伙伴关系的高水平,生动诠释了“风雨同舟,守望相助”的人类命运共同体精神。(完)

Photo
3月1日,在乌拉圭首都蒙得维的亚,新总统拉卡列•波乌在独立广场发表讲话。 乌拉圭新总统路易斯•拉卡列•波乌1日在乌拉圭首都蒙得维的亚宣誓就职,开始为期5年的总统任期。 新华社发(尼古拉斯•塞拉亚摄)