Connect with us

Latin America

ဥရုဂွေးနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာ COVID-19 ရောဂါကာကွယ်ဆေးထိုးနှံရေး လုပ်ငန်း စတင်ဆောင်ရွက်

ဥရုဂွေးနိုင်ငံ၌ မတ်လ ၁ ရက်တွင် ဆေးဘက်ဆိုင်ရာဝန်ထမ်း က အမျိုးသမီးတစ်ဦးအား တရုတ်နိုင်ငံ ထုတ် Sinovac COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေစဉ်(ဆင်ဟွာ)

ဗျူနိုအေးရိစ် ၊ မတ် ၂ ရက် (ဆင်ဟွာ)

ဥရုဂွေးနိုင်ငံတွင် မတ်လ ၁ ရက်မှ စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းအားစတင်ဆောင်ရွက်ခဲ့ပြီး နိုင်ငံသို့ ပထမအသုတ် ရောက်ရှိလာသည့် တရုတ်နိုင်ငံ Sinovac ကုမ္ပဏီ ထုတ် COVID-19 ရောဂါ ကာကွယ်ဆေးများကို အဓိကဦးစားပေးလူအုပ်စုများကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဥရုဂွေးနိုင်ငံ အများပြည်သူကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး Daniel Salinas က မတ်လ ၁ ရက်၌ သတင်းစာရှင်းလင်းပွဲကျင်းပပြုလုပ်ခဲ့ရာတွင် ဥရုဂွေးနိုင်ငံ အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကာကွယ်ဆေး အခမဲ့ထိုးနှံပေးသည့် လုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ပြီး ကာကွယ်ဆေးအား မဖြစ်မနေ ထိုးနှံစေခြင်းမဟုတ်ကြောင်း ၊ ကာကွယ်ဆေးဦးစားပေးထိုးနှံမှု ခံယူနိုင်သူများမှာ ကျောင်းဆရာ ၊ စစ်မှုထမ်း ၊ ရဲတပ်ဖွဲ့ဝင် နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း အစိုးရအနေဖြင့် နေ့စဉ်လူပေါင်း ၃ သောင်းအား ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

ဥရုဂွေးနိုင်ငံအစိုးရ မှ ဝယ်ယူခဲ့သည့် ပထမအသုတ် တရုတ်နိုင်ငံ Sinovac ကုမ္ပဏီ မှ COVID-19 ရောဂါ ကာကွယ်ဆေးများသည် ဖေဖော်ဝါရီ ၂၅ ရက်ညပိုင်းတွင် ဥရုဂွေးနိုင်ငံမြို့တော်သို့ ရောက်ရှိခဲ့ပြီး ယင်းမှာ ဥရုဂွေးနိုင်ငံက ပထမဦးဆုံးလက်ခံရရှိခဲ့သော COVID-19 ရောဂါကာကွယ်ဆေးဖြစ်ကြောင်း ၊ ဥရုဂွေးနိုင်ငံ သမ္မတ Luis Lacalle Pou က ဖေဖော်ဝါရီ ၂၆ ရက်တွင် ဥရုဂွေးနိုင်ငံ အစိုးရ နှင့် ပြည်သူလူထုကိုယ်စား တရုတ်နိုင်ငံအပေါ် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ဥရုဂွေးနိုင်ငံ အမျိုးသားအရေးပေါ်ဌာန ၏ မတ်လ ၁ ရက်ထုတ်ပြန်ကြေညာချက်အရ ဥရုဂွေးနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၅၉၈ ဦးတိုးမြင့်ခဲ့ပြီး ကူးစက်ခံရသူစုစုပေါင်း ၅၈,၅၈၉ ဦးအထိရောက်ရှိခဲ့ကြောင်း ၊ ထပ်မံသေဆုံးသူ ၃ ဦးရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၆၆၁ ဦးရှိကြောင်း ၊ COVID-19 ရောဂါမှ ပြန်လည်သက်သာလာသူ ၅၀,၆၂၄ ဦးရှိကြောင်း ၊ လက်ရှိတွင် ဥရုဂွေးနိုင်ငံ၌ လူ ၇၆ ဦးသည် ICU တွင် ဆေးဝါးကုသမှု ခံယူနေရကြောင်း သိရသည်။ (Xinhua)

——————————————————-
(Chinese Version)

(国际疫情)乌拉圭启动新冠疫苗接种工作

  新华社布宜诺斯艾利斯3月1日电(记者倪瑞捷)蒙得维的亚消息:乌拉圭1日开始在全国范围内启动新冠疫苗接种工作,首批运抵乌拉圭的中国科兴公司新冠疫苗将优先提供给重点人群接种。
  乌拉圭公共卫生部长丹尼尔•萨利纳斯在当天举行的新闻发布会上说,乌拉圭在全国范围内启动免费、非强制的疫苗接种工作,将优先为教师、军人、警察、消防员等群体接种,政府计划每天为3万人接种疫苗。
  乌拉圭政府采购的首批中国科兴新冠疫苗2月25日晚运抵乌首都蒙得维的亚,这是乌拉圭接收到的首批新冠疫苗。2月26日,乌拉圭总统拉卡列代表乌政府和人民向中国表示衷心感谢。
  乌拉圭国家应急署1日发布的数据显示,该国较前一日新增新冠确诊病例598例,累计确诊58589例;新增死亡3例,累计死亡611例;累计治愈50624例。目前,乌拉圭全国有76名新冠患者在重症监护室接受治疗。(完)

Photo
3月1日,医务工作者在乌拉圭蒙得维的亚为一名女子注射中国科兴新冠疫苗。新华社发(尼古拉斯•塞拉亚摄)