ထရီပိုလီ၊ဧပြီလ ၇ ရက်(ဆင်ဟွာ) လစ်ဗျားနိုင်ငံအရှေ့ပိုင်းအခြေစိုက်တပ်ဖွဲ့ကလစ်ဗျားနိုင်ငံအနောက်ပိုင်းရှိ ကုလသမဂ္ဂထောက်ခံသော အစိုးရ၏စစ်တပ်အနေဖြင့် ဒေသအတွင်းစိုးမိုးနိုင်ရန်ဆက်လက်အားထုတ်နေမှုကြောင့် ၎င်း၏လေတပ် စခန်းများနှင့်တိုက်လေယာဉ်များကိုတိုက်ခိုက်သွားမည်ဖြစ်ကြောင်းဧပြီလ ၆ ရက်ကခြိမ်းခြောက်ပြော ကြားခဲ့ပါသည်။
အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၄ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Swat ခရိုင် ရှိ စစ်စခန်းတစ်ခုတွင် ဖေဖော်ဝါရီ ၃ရက် ညပိုင်းက အသေခံဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး ပါကစ္စတန် စစ်တပ်အရာရှိ နှင့် စစ်သား ၁၁ဦးသေဆုံးပြီး အခြား လူ ၁၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန် စစ်တပ်ကပြောကြားခဲ့သည်။
မော်စကို ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတ ဗလာတီမာ နှင့် တရုတ်နိုင်ငံစစ်တပ် ထိပ်တန်းအဆင့်မြင့်အရာရှိတစ်ဦး တို့ ဒီဇင်ဘာလ ၇ ရက်တွင် တွေ့ဆုံစဉ် တရုတ်-ရုရှား နှစ်နိုင်ငံစစ်တပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။