Connect with us

Africa & Middle East

လစ်ဗျားနိုင်ငံ၏ နှစ်ခြမ်းကွဲတပ်ဖွဲ့များအကြားတိုက်ခိုက်မှုများဖြစ်

ခါလီဖါဟက်ဖ်တာ ခေါင်းဆောင်သောလစ်ဗျားအရှေ့ပိုင်းတပ်ဖွဲ့ များကို နိုင်ငံတောင်ပိုင်းတွင် တွေ့ရစဉ်(ဆင်ဟွာ)

ထရီပိုလီ၊ဧပြီလ ၇ ရက်(ဆင်ဟွာ)

လစ်ဗျားနိုင်ငံအရှေ့ပိုင်းအခြေစိုက်တပ်ဖွဲ့ကလစ်ဗျားနိုင်ငံအနောက်ပိုင်းရှိ ကုလသမဂ္ဂထောက်ခံသော အစိုးရ၏စစ်တပ်အနေဖြင့် ဒေသအတွင်းစိုးမိုးနိုင်ရန်ဆက်လက်အားထုတ်နေမှုကြောင့် ၎င်း၏လေတပ် စခန်းများနှင့်တိုက်လေယာဉ်များကိုတိုက်ခိုက်သွားမည်ဖြစ်ကြောင်းဧပြီလ ၆ ရက်ကခြိမ်းခြောက်ပြော ကြားခဲ့ပါသည်။

ထို့မတိုင်မီ နာရီအနည်းငယ်အကြာက ကုလသမဂ္ဂထောက်ခံသော လစ်ဗျားအစိုးရ၏တိုက်လေယာဉ် များက ထရီပိုလီမြို့တောင်ပိုင်းတွင် လစ်ဗျားအရှေ့ပိုင်းစစ်တပ်၏ တပ်ဖွဲ့များကို တိုက်ခိုက်မှု ပြုခဲ့ကြ သည်။

ခါလီဖါဟက်ဖ်တာ ခေါင်းဆောင်သောလစ်ဗျားအရှေ့ပိုင်းတပ်ဖွဲ့ကကုလသမဂ္ဂထောက်ခံသောလစ်ဗျား အစိုးရအခြေစိုက်ရာ ထရီပိုလီမြို့တော်ကိုအဓိကထား၍ လစ်ဗျားအနောက်ပိုင်းကိုဧပြီလ ၄ ရက်ကစစ် ဆင်ရေးတစ်ရပ်ဆင်နွှဲခဲ့ကြောင်းသိရသည်။

လစ်ဗျားနိုင်ငံအနေဖြင့်လစ်ဗျားခေါင်းဆောင်ဟောင်း မူဟမ်မာ ကဒတ်ဖီး(Muammar Gaddafi)၂၀၁၁ ခုနှစ်တွင်ကျဆုံးသည့်အချိန်မှစ၍ ဒီမိုကရေစီအပြောင်းအလွဲကာလအတွင်း လုံခြံမှုမရှိခြင်းနှင့်မတည်မ ငြိမ် ဖြစ်မှုများနှင့်ရုန်းကန်ကြုံတွေ့နေရသည်။(Xinhua)