ဟူစတန်၊ မေ ၂၆ ရက် (ဆင်ဟွာ) “ကလေးတွေဟာ သူတို့တော့ အဲဒီနေ့မှာပစ်ခတ်ခံရမလားမသိဘူးလို့ တွေးပြီးကျောင်းသွားတက်နေရတဲ့ နေရာဘယ်နေရာမှာမှ ရှိမှာမဟုတ်ပါဘူး၊ အဲဒီလိုဖြစ်ရပ်မျိုး အမေရိကန်ပြည်ထောင်စုကလွဲလို့ ဘယ်နေရာမှာမှလည်း ရှိမှာမဟုတ်ပါဘူး” အမေရိကန်ပြည်ထောင်စု တက္ကဆက်စ်ရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် မေလ ၂၄ ရက်က ဖြစ်ပွါးခဲ့သော အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦး၏...
ကုလသမဂ္ဂ ၊ မေ ၂၅ ရက်(ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ်အတွင်းရှိ မူလတန်းစာသင်ကျောင်းတစ်ခု၌ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသော ပစ်ခတ်မှုနှင့်ပတ်သက်၍ အလွန်အမင်း ထိတ်လန့်တုန်လှုပ်မိကာ ဝမ်းနည်းရကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက မေ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
ဟူစတန် ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ် တောင်ပိုင်းဗဟိုဒေသ Colleyville မြို့ရှိ ဂျူးဘုရားရှိခိုးကျောင်းတစ်ခု၌ ဇန်နဝါရီ ၁၅ ရက် ညပိုင်းက အချိန်တစ်နာရီကျော်ကြာ ဖမ်းဆီးခံခဲ့ရသည့် ဓားစာခံများအားလုံးကို အသက်အန္တရာယ်ဘေးကင်းလုံခြုံစွာဖြင့် ကယ်တင်နိုင်ခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott က တွစ်တာလူမှုကွန်ရက်တွင်...
ဟူစတန် ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ်တွင် ခွင့်ပြုမိန့်(ပါမစ်)မရှိ၍ဖြစ်စေ သို့မဟုတ် မည်သည့်လေ့ကျင့်မှုပြုလုပ်ရန်အတွက်မဆိုဖြစ်စေ အသက် ၂၁ နှစ် သို့မဟုတ် ၂၁ နှစ်အထက်ရှိသူ မည်သူမဆို လက်နက်ကိုင်ဆောင်ခွင့်ကို ဩဂုတ် ၃၁ ရက် သန်းခေါင်ယံမှ စတင်ကာ ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
ဟူစတန် ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတက္ကဆက်စ်ပြည်နယ် Midland-Odessa နယ်မြေတွင် သြဂုတ် ၃၁ ရက် မွန်းလွဲပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၅ ဦးသေဆုံးပြီး အနည်းဆုံး ၂၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က ဆိုသည်။
ဟူစတန် ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ်၌ သြဂုတ် ၃ ရက်က သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ဝ ဦးသေဆုံးပြီး အခြား ၂၆ ဦးဒဏ်ရာရခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
ဟူစတန် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ် ဒါးလက်စ်မြို့၌ ဇွန် ၉ ရက် ညနေပိုင်းက မိုးကြိုးမုန်တိုင်း အကြိမ်ပေါင်းများစွာဖြစ်ပေါ်ခဲ့ပြီးနောက် အဆောက်အအုံတစ်လုံးပေါ်သို့ဝန်ချီစက်(ကရိန်း) တစ်ခုပြိုကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁ ဦးသေဆုံးပြီး အခြား ၆ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ဆိုသည်။