Connect with us

North America

အမေရိကန်နိုင်ငံတက္ကဆက်စ်၌ ပစ်ခတ်မှုဖြစ်ပွားရာ လူ ၂ဝ ဦးသေဆုံး ၊ အခြား ၂၆ ဦးဒဏ်ရာရ

အမေရိကန်နိုင်ငံ တက္ကဆက်စ်၌ သြဂုတ် ၃ ရက်က ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ က သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်(ဆင်ဟွာ)

ဟူစတန် ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ်၌ သြဂုတ် ၃ ရက်က သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ဝ ဦးသေဆုံးပြီး အခြား ၂၆ ဦးဒဏ်ရာရခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

သံသယတရားခံ ပစ်ခတ်မှုကျူးလွန်သူကို ဖမ်းမိထားပြီးဖြစ်ကြောင်း ၊ ၎င်းမှာ အသက် ၂၁ နှစ်အရွယ် တက္ကဆက်စ်မှ လူဖြူတစ်ဦးဖြစ်ကြောင်း တက္ကဆက်စ်ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲ Greg Allen က ဆိုသည်။၎င်းပစ်ခတ်မှုမှာ “ ကြိုတင်ကြံစဉ်ထားသော ရာဇဝတ်မှုတစ်ခုဖြစ်ပါတယ်” ဟု Allen က ဆိုသည်။ တစ်ချိန်တည်းမှာပင် အမေရိကန်စုံစမ်းစစ်ဆေးရေးဗျူရို(FBI) က အဆိုပါ ရာဇဝတ်မှုအကြောင်းကို သေသေချာချာသိရှိရန် စုံစမ်းစစ်ဆေးရေးလုပ်ငန်းများကို ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တက္ကဆက်စ်ပြည်နယ်အစိုးရအနေဖြင့် တရားခံကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း နှင့် လူသတ်မှုဖြင့် တရားစွဲဆိုသွားရန် စီစဉ်ထားကြောင်း Allen က ဆိုသည်။သေဆုံးသူများစုမှာ တက္ကဆက်စ်ပြည်နယ် Walmart El Paso ဈေးဝယ်စင်တာ၌ အပစ်ခံခဲ့ရခြင်းဖြစ်ကြောင်း ၊ စင်တာအတွင်းဈေးဝယ်သူ ၃ဝဝဝ ခန့်ဖြင့် လူစည်ကားနေချိန်၌ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။“ အရမ်းကို ကြောက်လန့်တုန်လှုပ်မိပါတယ်” ဟု Walmart စင်တာ၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။ “ကျနော်တို့လူမှုအသိုက်အဝန်းတစ်ခုလုံးက ထိခိုက် ဒဏ်ရာရသူတွေ ၊ သေဆုံးသွားခဲ့ရသူတွေအတွက် ဝိုင်းဝန်းဆုတောင်းပေးနေပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။(Xinhua)