ပေကျင်း၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအနေဖြင့် အလယ်အာရှနိုင်ငံများတွင် လျှို့ဝှက်ဇီဝဓာတ်ခွဲခန်းများ တည်ဆောက်ထားခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတကာ အသိုက်အဝန်း၏ စိုးရိမ်သံသယကို ဖြေရှင်းသင့်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ်က ဧပြီ ၂၉ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ) ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း မြို့ပြန်လည်ဖွင့်လှစ်ရေးနှင့် လုပ်ငန်းများပြန်လည်လည်ပတ်ရေး တရုတ်နိုင်ငံ ဝူဟန့် မြို့ နှင့် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မြို့တို့အကြား ဗွီဒီယိုဖြင့်ဆွေးနွေးဖလှယ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ်က ဧပြီ ၂၁ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် နယူးယောက်၌ ကျင်းပသော (၇၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်စဉ် စက်တင်ဘာ ၂၃ ရက်တွင် ညီလာခံ ဥက္ကဋ္ဌ တစ်ဂျာနီ မူဟာမက် ဘန်ဒီ (Tijjani Muhammad Bande)နှင့် တွေ့ဆုံ...