Connect with us

Politics, Law & Military

အလယ်အာရှနိုင်ငံများတွင် လျှို့ဝှက်ဇီဝဓာတ်ခွဲခန်းများ တည်ဆောက်ထားခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတကာ အသိုက်အဝိုင်း၏စိုးရိမ် သံသယကို အမေရိကန် အနေဖြင့် ဖြေရှင်းသင့်

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ်အား ဧပြီ ၂၉ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓါတ်ပုံ- တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝဘ်ဆိုက်)

ပေကျင်း၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ)  

အမေရိကန်နိုင်ငံအနေဖြင့် အလယ်အာရှနိုင်ငံများတွင် လျှို့ဝှက်ဇီဝဓာတ်ခွဲခန်းများ တည်ဆောက်ထားခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတကာ အသိုက်အဝန်း၏ စိုးရိမ်သံသယကို ဖြေရှင်းသင့်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ်က ဧပြီ ၂၉ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် “မကြာသေးမီက  ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက  အမေရိကန်အနေနဲ့ ဆိုဗီယက်ပြည်ထောင်စုမှ ခွဲထွက်သွားတဲ့ နိုင်ငံတွေမှာ ဇီဝဓာတ်ခွဲခန်းတည်ဆောက်ထားတဲ့အပေါ် အထူး အလေးထားစောင့်ကြည့်နေတယ် လို့ ပြောခဲ့ပါတယ်။ ယခုရက်ပိုင်းတွေမှာ ပြည်ပမီဒီယာတွေကလည်း ဓါတ်ခွဲခန်းတွေကို တကယ်တော့ အမေရိကန်ရဲ့ ဦးဆောင်မှုအောက်မှာ  အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံဌာနက ညွှန်ကြားချက်ပေးပြီး  လူတစ်စု အန္တရာယ်ရှိနိုင်တဲ့ ရောဂါကို သုတေသနပြုဖို့နဲ့ အမေရိကန်မှာ တားမြစ်ထားတဲ့သုတေသနစီမံကိန်းတွေကို လုပ်ဖို့ ဖြစ်တယ်ဆိုပြီးဖော်ပြနေတော့ ဒီကိစ္စအပေါ် ဘယ်လို သုံးသပ်ပြောကြားလိုပါသလဲ”ဟူသော မေးခွန်းအပေါ် ကိန်းစွမ်က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ်က “ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောကြားချက်နဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို ကျွန်တော်တို့ ဂရုပြုနေပါတယ်။ အမေရိကန်ဟာ ဆိုဗီယက်ပြည်ထောင်စုမှ ခွဲထွက်သွားတဲ့ နိုင်ငံတွေမှာ ဇီဝဓာတ်ခွဲခန်းတွေ တည်ဆောက်ထားတာနဲ့ပတ်သတ်လို့ ၎င်းဓာတ်ခွဲခန်းတွေရဲ့လုပ်ဆောင်ချက်၊ အသုံးပြုပုံ၊ ဘေးကင်းလုံခြုံရေးဆိုင်ရာအကြောင်းအရာတွေကို ထုတ်ဖော်ပြောဆိုထားခြင်း မရှိတာ ကြောင့် အဲဒီဒေသမှာရှိတဲ့ ပြည်သူလူထုနဲ့ ပတ်ဝန်းကျင်နိုင်ငံတွေက စိုးရိမ်ထိတ်လန့်နေကြပါတယ်။ သက်ဆိုင်ရာ ဓာတ်ခွဲစမ်းသပ်ခန်းတွေကို ပိတ်ပစ်ဖို့ ဒေသခံ ပြည်သူလူထုက အပြင်းအထန် တောင်းဆိုနေကြတယ်လို့ သိရပါတယ်။ အမေရိကန်အနေနဲ့ တာဝန်ခံမှုရှိစွာနဲ့ နိုင်ငံတကာ အသိုက်အဝန်းရဲ့ စိုးရိမ်ကြောင့်ကြမှုနဲ့ ဒေသခံပြည်သူလူထုရဲ့ အသက်အိုးအိမ်ကျန်းမာရေးလုံခြုံမှုကို အလေးထားပြီး နိုင်ငံတကာအသိုက်အဝန်းရဲ့ စိုးရိမ်သံသယတွေကင်းစင်အောင် လက်တွေ့ကျကျ ဆောင်ရွက်သွားစေလိုပါတယ် ” ပြောကြားခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.