Connect with us

CHINA

ကပ်ရောဂါကာကွယ်ထိန်းချုပ်သည့်ကာလ မြို့ပြန်လည်ဖွင့်လှစ်ရေးနှင့် လုပ်ငန်းများပြန်လည်လည်ပတ်ရေး တရုတ်နိုင်ငံ ဝူဟန့် မြို့ နှင့် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မြို့တို့ ဗွီဒီယိုဖြင့်ဆွေးနွေးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောက

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ်အား ဧပြီ ၂၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓါတ်ပုံ- တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝဘ်ဆိုက်)

 ပေကျင်း၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ) 

ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း မြို့ပြန်လည်ဖွင့်လှစ်ရေးနှင့် လုပ်ငန်းများပြန်လည်လည်ပတ်ရေး  တရုတ်နိုင်ငံ ဝူဟန့် မြို့ နှင့် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မြို့တို့အကြား  ဗွီဒီယိုဖြင့်ဆွေးနွေးဖလှယ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ်က ဧပြီ ၂၁ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

“ဒီနေ့မနက်ကပဲ တရုတ်နိုင်ငံ ဝူဟန့်မြို့နဲ့ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မြို့ဟာ ကပ်ရောဂါကို ထိရောက်စွာ ထိန်းချုပ်နေစဉ်ကာလမှာ မြို့ပြန်လည်ဖွင့်လှစ်ဖို့၊ လုပ်ငန်းတွေပြန်လည်လည်ပတ်ဖို့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို  မြို့အစိုးရနဲ့ သက်ဆိုင်ရာ ကဏ္ဍတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ထဲထဲဝင် ဆွေးနွေးဖလှယ်ခဲ့ကြတယ်။ ဆွေးနွေးပွဲကို ၂ နာရီကြာ ကျင်းပပြုလုပ်ခဲ့ရာ ရလဒ်ကောင်းတွေရရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဝူဟန့်တက္ကသိုလ်နဲ့ အိုဟိုင်းယိုးပြည်နယ်တက္ကသိုလ်(OSU)ကလည်း ကပ်ရောဂါကာလ ကျောင်းစီမံခန့်ခွဲမှုဆိုင်ရာ ဗွီဒီယိုဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်”ဟု ကိန်းစွမ်က ပြောကြားခဲ့သည်။

“အစွမ်းကုန် ကြိုးပမ်းအားထုတ်မှုတွေကြောင့် ကပ်ရောဂါ အခက်အခဲအကျပ်အတည်း  မြူမှိုင်းတွေကြားက ဝူဟန့်မြို့ ရုန်းထွက်နိုင်ခဲ့ပါပြီ။ ပြီးခဲ့တဲ့ရက်များက ဝူဟန့်မြို့၏ ဝင်ထွက်သွားလာမှု လမ်းကြောင်းများ ပိတ်ဆို့ထားတာတွေကို ဖယ်ရှားပေးခဲ့တယ်၊ ကပ်ရောဂါအန္တရာယ်အခြေအနေကို နည်းပါးသည့်အဆင့်ကို လျှော့ချခဲ့ရာ ကုန်ထုတ်လုပ်မှုတွေနဲ့နေထိုင်မှုဘ၀တွေ တဖြေးဖြေးပုံမှန်လမ်းကြောင်းကို ပြန်လည်လျှောက်လှမ်းနေပါတယ်”ဟု ၎င်းက ဆိုသည်။

“အခုကာလများမှာ ဝူဟန့်မြို့အပါအဝင် တရုတ်နိုင်ငံရှိ ပြည်နယ်မြို့များနဲ့ ဆေးကုသရေးဌာနတွေ က အမေရိကန်နိုင်ငံရှိမြို့များနဲ့ဌာနများရဲ့ တောင်းဆိုချက်အရ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး အတွေ့အကြုံ၊ကုသရေးနည်းလမ်းများကို ဗွီဒီယို ဆွေးနွေးဖလှယ်မှုများလုပ်ဆောင်လျက်ရှိပြီး အမေရိကန်နိုင်ငံရှိ ပြည်နယ်အသီးသီး၊မြို့အသီးသီး၊ဌာနဆိုင်ရာနဲ့ လုပ်ငန်းတွေကို ရောဂါကာကွယ်ရေးအထောက်အပံ့ပစ္စည်တွေ လှူဒါန်းကူညီလျက်ရှိသလို အမေရိကန်က တရုတ်နိုင်ငံမှ ဝယ်ယူတဲ့ ရောဂါကာကွယ်ရေးအထောက်အပံ့ပစ္စည်းတွေကို အဆင်ပြေလွယ်ကူမှုရှိစေဖို့ ဆောင်ရွက်ပေးနေပါတယ်။ တရုတ်နိုင်ငံအနေနဲ့ သတင်းအချက်အလက်တွေ၊အတွေ့အကြုံတွေကို ထိမ်ချန်မှုမရှိဘဲ အမေရိကန်နဲ့ ဆက်လက် မျှဝေပေးပြီး တတ်နိုင်သလောက် အစွမ်းကုန် အားဖြည့်ပံ့ပိုး လိုတယ်။  ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး ကမ္ဘာ့လုံးဆိုင်ရာ စစ်ပွဲကို အတူ အနိုင်ရ တိုက်ဖျက်သွားကာ ကမ္ဘာစီးပွားရေးတိုးတက်မှု အမြန်ဆုံး ပြန်လည်ကောင်းမွန်လာအောင် အကျိုးဆောင်လိုပါတယ်။” တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ်က ပြောကြားခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.