ရန်ကုန် ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ လှူဒါန်းပေးအပ်သော COVID-19 ကာကွယ်ဆေး ၂ သန်းအနက် ပထမအသုတ်ဖြစ်သော ကာကွယ်ဆေး ၇၃၆,၀၀၀ လုံးသည် ယနေ့ ဇူလိုင် ၂၂ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးထံမှ သိရသည်။ မြန်မာနိုင်ငံဆိုင်ရာ...
ပေကျင်း ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှု နှင့် ရေကြီးမှုများကြောင့် ကြီးမားစွာ ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အရေးပေါ် ကယ်ဆယ်ရေး နှင့် ဆေးဘက်ဆိုင်ရာ တုံ့ပြန်မှုရေး အားဖြည့်ပေးရန် အလုပ်အဖွဲ့တစ်ဖွဲ့ကို တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်က စေလွှတ်ခဲ့ကြောင်း သိရသည်။
မနီလာ ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး လှုပ်ရှားမှုအား ထောက်ပံ့ရန် Sinovac CoronaVac ကာကွယ်ဆေး နောက်ထပ် အသုတ်တစ်သုတ်အား ဖိလစ်ပိုင်နိုင်ငံသို့ ဇူလိုင် ၂၂ ရက်တွင် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အာလမိန်း ၊ အီဂျစ် ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အီဂျစ်နိုင်ငံတို့သည် ဂါဇာကမ်းမြောင်ဒေသရှိ ဒေသခံပြည်သူများ၏ လတ်တလောလိုအပ်ချက်များကို ဖြေရှင်းရန် ပါလက်စတိုင်းပြည်သူများအတွက် COVID-19 ကာကွယ်ဆေး အကြိမ်ရေ ၅၀၀,၀၀၀ စာအား ပူးပေါင်းလှူဒါန်းသွားရန် ဇူလိုင် ၁၈ ရက်က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ရှီးချန်း ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အဝေးထိန်းအာရုံခံစနစ်သုံးဂြိုဟ်တုအုပ်စု တစ်ခုကို ဇူလိုင် ၁၉ ရက် ပေကျင်းစံတော်ချိန် နံနက် ၈ နာရီ ၁၉ မိနစ်တွင် အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတစ်ဝှမ်း ပြည်နယ်များ ၊ ဒေသများ နှင့် မြူနီစပယ် နေရာအများအပြား၌ အသက် ၁၂ နှစ်နှင့် ၁၇ နှစ်ကြား အရွယ်မရောက်သေးသူများအတွက် COVID-19 ကာကွယ်ဆေး ထိုးနှံမှု အဆင့်ဆင့် ပြုလုပ်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
ခတ္တမန္ဒူ ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ) ကပ်ရောဂါအား ရင်ဆိုင်တိုက်ဖျက်ရေးအတွက် COVID-19 ကာကွယ်ဆေးများကို နီပေါနိုင်ငံအား ထပ်မံကူညီပေးသွားမည်ဟု နီပေါနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Hou Yanqi က ဇူလိုင် ၁၂ ရက်တွင် ပြောကြားခဲ့သည်။
တူးနစ် ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ) တူနီးရှားနိုင်ငံ၌ တရုတ်နိုင်ငံ၏ Sinopharm COVID-19 ကာကွယ်ဆေးကို ဈေးကွက်တင်သွင်းရန် တရားဝင်အခွင့်ပြုပေးခဲ့ကြောင်း တူနီးရှား ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၁၂ ရက်တွင် ကြေညာခဲ့သည်။
ပေကျင်း ၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် နိုင်ငံတကာအဖွဲ့အစည်း နှင့် နိုင်ငံပေါင်း ၁၀၀ ကျော်အား COVID-19 ကာကွယ်ဆေး အကြိမ်ရေ သန်း ၅၀၀ စာ နှင့် အသက်ရှူစက်များ ထောက်ပံ့ပေးခဲ့ကြောင်း ၊ ယင်းမှာ လက်ရှိကမ္ဘာလုံးဆိုင်ရာ COVID-19 ကာကွယ်ဆေးထုတ်လုပ်မှု၏ ခြောက်ပုံတစ်ပုံခန့်...
ပေကျင်း ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ နှင့် တရုတ်ကွန်မြူနစ်ပါတီ(CPC)ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က နိုင်ငံပေါင်း ၁၇၀ ကျော်မှ နိုင်ငံရေးပါတီ နှင့် နိုင်ငံရေးအဖွဲ့အစည်း ပေါင်း ၆၀၀ ကျော်သည် CPC တရုတ်ကွန်မြူနစ်ပါတီ နှစ်တစ်ရာပြည့် အတွက် ဝမ်းမြောက်စကား ၊...