Connect with us

Videos

တရုတ်နိုင်ငံ၏ မော်တော်ကားများက လူကြိုက်များမှု တိုးပွားလာသည်နှင့်အမျှ ပြည်ပသုံးစွဲသူများထံ ပိုမိုရောက်ရှိ

ပေကျင်း ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မော်တော်ကားများသည် လူကြိုက်များမှု တိုးပွားလာကာ ပြည်ပသုံးစွဲသူများထံ ပိုမိုရောက်ရှိလာခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် အစီးရေ ၃.၁၁ သန်း တင်ပို့ခဲ့ကြောင်းနှင့် နှစ်အလိုက် ၅၄.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။တရုတ်နိုင်ငံ မော်တော်ကားထုတ်လုပ်သူများအသင်း၏ ပြောကြားချက်အရ ခရီးသည်တင်ကား တင်ပို့မှုသည် အစီးရေ ၂.၅၃ သန်း နီးပါး ရှိခဲ့ပြီး နှစ်အလိုက် ၅၆.၇ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ၊ လုပ်ငန်းသုံးယာဉ်များ တင်ပို့မှုသည် အစီးရေ ၅၈၂,၀၀၀ အထိ ရှိပြီး ၂၀၂၁ ခုနှစ်ကထက် ၄၄.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း နှင့် စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ်တင်ပို့မှုများသည် အစီးရေ ၆၇၉,၀၀၀ အထိ ရှိခဲ့ပြီး နှစ်အလိုက် ၁.၂ အဆ တိုးလာခဲ့ကြောင်း သိရသည်။
တိုးတက်မှုအားကောင်းလာခြင်းသည် တရုတ်မော်တော်ကားကုမ္ပဏီများ၏ ယှဉ်ပြိုင်နိုင်အား တိုးလာခြင်း နှင့် ပြည်ပထောက်ပံ့မှု ရှားပါးခြင်းကဲ့သို့သော အကြောင်းရင်းများကြောင့် ဖြစ်သည်ဟု အသင်းက မှတ်ယူခဲ့သည်။

“ကျွန်တော်တို့က အလွန်ကောင်းတဲ့ကားတွေကို ထုတ်လုပ်ပါတယ် ။ကျွန်တော်တို့မှာ အဆင့်မြင့် နည်းပညာ နဲ့ ဘေးကင်းလုံခြုံတဲ့ အရည်အသွေးမြင့်ကားတွေ ရှိပါတယ် ။ ဒိန်းမတ် သုံးစွဲသူတွေက အရည်အသွေးကို ကြိုက်နှစ်သက်ကြပါတယ်။ သူတို့က ဒီဇိုင်းကို အရမ်းအာရုံစိုက်ပြီးတော့ ဒိန်းမတ် နဲ့ ဥရောပ သုံးစွဲသူတွေဆီကို ပို့ပေးနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”ဟု Xpeng Denmark ၏ မန်နေဂျင်းဒါရိုက်တာ JENS OLESEN က ပြောကြားခဲ့သည်။

BYD Philippines ၏ မန်နေဂျင်းဒါရိုက်တာ MARK ANDREW TIENG က “တကယ်တော့ BYD က ဖိလစ်ပိုင်ရဲ့ လျှပ်စစ်ကား ရောင်းချမှုတွေ အလွန်ကြီးမားတဲ့ ဈေးကွက်ဝေစုတစ်စု ရှိတယ်ဆိုတာကို ပြောဖို့ ကျွန်တော်တို့ အလွန်ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့မှာ ၂၀၂၂ ခုနှစ်အထိ ဈေးကွက်ဝေစု ၆၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။ ဘာကြောင့်လဲဆိုရင် လောင်စာဆီဈေးနှုန်းကြောင့်ပါ ။ ဖိလစ်ပိုင်နိုင်ငံသားတွေက သူတို့ရဲ့ကားတွေအတွက် အစားထိုးစွမ်းအင်အရင်းအမြစ်တွေကို ရှာဖွေနေကြပါတယ်။ ဝယ်လိုအားက အလွန်ကြီးမားပြီးတော့ များပြားလာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကုန်သည်ကွန်ရက်ကို တိုးချဲ့ဖို့ အဆင့်သင့်ရှိနေပါတယ်”ဟု ပြောကြားခဲ့သည်။

ဂျော်ဒန်နိုင်ငံရှိ Changan ၏ အရောင်းမန်နေဂျာ YEHYA SHANTI က “လက်ရှိမှာ တရုတ် NEV ကားထုတ်လုပ်သူတွေက (SAIC) Volkswagen ၊ Changan ဒါမှမဟုတ် အခြားတံဆိပ်တွေလိုမျိုး မတူညီတဲ့ အမှတ်တံဆိပ်တွေ အပါအဝင် ဂျော်ဒန်ဈေးကွက်ထဲမှာ ၄၀ ရာခိုင်နှုန်းလောက် နေရာယူထားပါတယ်။ ဂျော်ဒန်နိုင်ငံမှာ လုပ်ကိုင်နေတဲ့ တရုတ်ထုတ်လုပ်သူတွေကနေ ကားအမှတ်တံဆိပ် ၁၃ ခု ရှိပါတယ်။ ဒါက မော်တော်ကားဈေးကွက်ရဲ့ ကြီးမားတဲ့ဝေစု ဖြစ်ပါတယ်။ ၄၀ ရာခိုင်နှုန်းက ဂျော်ဒန်ဈေးကွက်အတွင်းမှာ စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ်တွေ(NEVs) ရဲ့ ကြီးမားတဲ့ကိန်းဂဏန်းတစ်ခု ဖြစ်ပါတယ်။ ဂျော်ဒန်ဈေးကွက်က ကောင်းမွန်တဲ့စွမ်းဆောင်ရည်နဲ့ သူတို့ကို အသိအမှတ်ပြုလက်ခံကြပါတယ်။ အရင်တုန်းကတော့ သုံးစွဲသူတွေက တရုတ်ကားက ဘယ်လိုမျိုးလဲဆိုတာ မသိကြပေမယ့် အခုအခါမှာတော့ ဂျော်ဒန်သုံးစွဲသူတွေက အဲဒီတရုတ်ကားတွေကို တောင်းဆိုနေကြပါတယ်”ဟု ပြောကြားခဲ့သည်။

—————————-
China’s autos reach more overseas consumers with growing popularity
China’s automobiles are gaining popularity and reaching more consumers overseas, with an export of 3.11 million units in 2022, a jump of 54.4 percent year on year.
According to the China Association of Automobile Manufacturers, passenger car exports neared 2.53 million units, an increase of 56.7 percent year on year. Exports of commercial vehicles climbed 44.9 percent from 2021 to 582,000 units, and exports of new-energy vehicles increased 1.2 times year on year to 679,000 units.
The association attributed the robust growth to factors such as the increasing competitiveness of Chinese auto companies and the overseas supply shortage.
SOUNDBITE 1 (English): JENS OLESEN, Managing Director of Xpeng Denmark
“We (Xpeng) build very good cars. We have high-quality cars with high levels of tech and safety as well. They (Danish customers) like quality. They are very design-focused. And we believe we can deliver that to Danish and European customers.”
SOUNDBITE 2 (English): MARK ANDREW TIENG, Managing Director of BYD Philippines
“Actually, we’re very proud to say that BYD has a very big market share of the electric vehicle sales of the Philippines. We have more than 60 percent market share as of 2022. Because of the fuel prices, that’s a global trend that’s going high, going up, Filipinos are looking for alternative energy sources for their cars. The demand will jump very big, very huge. We’re ready to improve and widen our dealer network.”
SOUNDBITE 3 (Arabic): YEHYA SHANTI, Sales manager of Changan in Jordan
“Currently, the Chinese NEV manufacturers take up around 40 percent in the Jordanian market including different brands, like (SAIC) Volkswagen, Changan or other brands. There are 13 car brands from Chinese manufacturers operating in Jordan. That’s a large share of the automobile market. 40 percent is a huge number of NEVs in the Jordanian market. The Jordanian market is accepting them in an excellent performance. Previously, the consumers didn’t know what the Chinese car was like, but now the Jordanian consumers are demanding these cars.”
Xinhua News Agency correspondents reporting from Beijing.
(XHTV)