ကျိုချွမ်၊ မေ ၂၄ ရက် (ဆင်ဟွာ) Shenzhou-16 လူတင်အာကာသယာဉ် နှင့် Long March-2F သယ်ဆောင်ရေး ဒုံးပျံ အတွဲလိုက်ကို မေ ၂၂ ရက်က အာကာသယာဉ်လွှတ်တင်မည့်နေရာသို့ ရွှေ့ပြောင်းခဲ့ကြောင်း တရုတ်နိုင်ငံ လူတင်အာကာသယာဉ် အေဂျင်စီ (CMSA)မှ သိရသည်။ လက်ရှိ လွှတ်တင်ရေးစက်ပစ္စည်း အခြေအနေ...
ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ အမျိုးသားအနုပညာပြတိုက် (NAMOC) ကို ကမ္ဘာအနှံ့ ဂုဏ်သိက္ခာရှိသော အနုပညာနေရာတစ်ခုအဖြစ် မြှင့်တင်ရန် တိုက်တွန်းခဲ့သည်။
ပေကျင်း၊ မေ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အနာဂတ်ဖွံ့ဖြိုးတိုးတကမှုအတွက် အသိပညာ စုပေါင်းပါဝင်ရန် တိဗက်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဖိုရမ်ကို မေ ၂၃ ရက်တွင် ပေကျင်းမြို့၌ ဖွင့်လှစ်ခဲ့သည်။
ကျိုချွမ်၊ မေ ၂၃ ရက် (ဆင်ဟွာ) Shenzhou-16 လူတင်အာကာသယာဉ် နှင့် Long March-2F သယ်ဆောင်ရေး ဒုံးပျံ အတွဲလိုက်ကို မေ ၂၂ ရက်က အာကာသယာဉ်လွှတ်တင်မည့်နေရာသို့ ရွှေ့ပြောင်းခဲ့ကြောင်း တရုတ်နိုင်ငံ လူတင်အာကာသယာဉ် အေဂျင်စီ (CMSA)မှ သိရသည်။
ချိုမိုလန်းမားတောင်အခြေစိုက်စခန်း၊ တိဗက်၊ မေ ၂၄ ရက် (ဆင်ဟွာ) ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၈,၈၃၀ တွင်ရှိသော ချိုမိုလန်းမားတောင်ရှိ ကမ္ဘာ့အမြင့်ဆုံး မိုးလေဝသစခန်း၏ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းမှာ မေ ၂၃ ရက်၌ ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း ၏ ဖိတ်ကြားချက်အရ အီသီယိုးပီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Demeke Mekonnen Hassen သည် မေလ ၂၄ ရက်မှ ၂၈ ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ်လာရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန...
ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ်တွင် ထျန်ဝမ်းနျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံ ယူနစ် ၇ အဏုမြူဓာတ်ပေါင်းဖိုအမိုးခုံး၏ စက်ဝိုင်းပုံခါးပတ်ကို မေ ၁၉ ရက်က အောင်မြင်စွာ တပ်ဆင်နိုင်ခဲ့ကြောင်း၊ ၎င်းမှာ အဆိုပါယူနစ် စက်ကိရိယာတပ်ဆင်မှုစတင်ခြင်း အထိမ်းအမှတ်လည်းဖြစ်ကြောင်း နိုင်ငံ၏ နျူကလီးယားဓာတ်အားပေးစက်ရုံလည်ပတ်ရေးလုပ်ငန်းများအနက် အကြီးဆုံးတစ်ခုဖြစ်သည့်...
ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ) “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ခဲ့သော မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကျောက်ဖြူဒေသ ပြည်သူများအတွက် တရုတ်နိုင်ငံ CITIC Group မှ ယွမ် ၁ သိန်း တန်ဖိုးရှိသော သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများအား မေ ၂၂ ရက်က...
ဆန်းရ၊ မေ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဆန်းရမြို့၊ ဟိုင်ထန် ပင်လယ်အော်တွင် တည်ရှိသော လိပ်ပြာပုံသဏ္ဍာန်ရှိသည့် ဝူကျစ်ကျိုးကျွန်းသည် သန့်ရှင်းသောရေပြင်နှင့် ရင်သပ်ရှုမောဖွယ်ရာရှုခင်းများဖြင့် ဝန်းရံထားသည်။ ဝူကျစ်ကျိုးကျွန်း၏ ပင်လယ်ဧရိယာရှိ အဏ္ဏဝါမွေးမြူရေးခြံသည် တရုတ်နိုင်ငံ၏ ပထမဆုံး အပူပိုင်းအဏ္ဏဝါမွေးမြူရေးခြံဖြစ်သည်။
ဂျကာတာ၊ မေ ၂၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း ပူးတွဲစမ်းသပ်စစ်ဆေးမှုများကို မေ ၂၂ ရက်က စတင်ခဲ့သည်။ ၎င်းမှာ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်းတည်ဆောက်မှု၏ ကြီးမားသော တိုးတက်မှုဖြစ်သလို ရထားလမ်းကြောင်းပြည့် လည်ပတ်နိုင်ရေးအတွက် အခြေခံ ဖြစ်သည်။