Connect with us

China

ကမ္ဘာ့ချန်ပီယံရှစ် အမျိုးသားရေခဲပြင်ဟော်ကီပြိုင်ပွဲတွင် တရုတ်အသင်းက နှစ်ပွဲဆက်တိုက်အနိုင်ရရှိ

ဗွီနီးယက်စ်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

လစ်သူအေးနီးယားနိုင်ငံ ၊ ဗွီနီးယက်စ်မြို့ တွင် ဧပြီ ၂၈ ရက်က ကျင်းပသော ၂၀၂၄ ခုနှစ် ကမ္ဘာ့ချန်ပီယံရှစ် အမျိုးသားရေခဲပြင်ဟော်ကီပြိုင်ပွဲ အဆင့် ၁ ၊ အုပ်စု B ပွဲစဉ်တွင် တရုတ်အသင်းက ဆက်လက် ကြိုးစားယှဉ်ပြိုင်ခဲ့ရာ စပိန်အသင်းကို ၇-၁ ဖြင့် အနိုင်ရကာ နှစ်ပွဲဆက်တိုက် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ပထမဆုံးပွဲစဉ်တွင် တရုတ်အသင်းက နယ်သာလန်ကို ၃-၀ ဖြင့် အနိုင်ရခဲ့သည်။

အဆိုပါပြိုင်ပွဲကို လစ်သူအေးနီးယားနိုင်ငံ မြို့တော် ဗွီနီးယက်စ်တွင် ဧပြီ ၂၇ ရက်မှ မေ ၃ ရက်အထိ ကျင်းပလျက်ရှိကြောင်း၊ တရုတ်၊ လစ်သူအေးနီးယား၊ နယ်သာလန်၊ စပိန်၊ ယူကရိန်းနှင့် အက်စတိုးနီးယား စုစုပေါင်း ခြောက်သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

 

………………………
(Chinese Version)
男冰世锦赛中国队两连胜
新华社维尔纽斯4月28日电(记者薛东梅)在28日进行的2024年世界男子冰球锦标赛甲级B组比赛中,中国队再接再厉以7:1大胜西班牙队,取得两连胜。
中国队在首场比赛中以3:0战胜荷兰队。
本次比赛于4月27日至5月3日在立陶宛首都维尔纽斯举行,共有中国、立陶宛、荷兰、西班牙、乌克兰和爱沙尼亚6支队伍参加。