အစ္စလာမ်မာဘတ်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အဆိုပြုထားသော ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) အောက်တွင် ရာသီဥတုပြောင်းလဲခြင်း၊ ကပ်ရောဂါနှင့် စားနပ်ရိက္ခာဖူလုံမှုမရှိခြင်း အပါအဝင် မြောက်များစွာသော စိန်ခေါ်မှုများကို တိုက်ဖျက်ရန် ပူးပေါင်းဆောင်ရွက်မှုနှင့် ကွန်ရက်ချိတ်ဆက်ခြင်းများ ပိုမိုကျယ်ပြန့်လာရေးအတွက် နိုင်ငံစုံမှ ကျွမ်းကျင်ပညာရှင်များက တိုက်တွန်းပြောကြားခဲ့သည်။
ချိန်တူး၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) ရှေးဟောင်းသုတေသနပညာရှင်များက တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ယန်ယွမ်ခရိုင်တွင် ဆန်းမင်းဆက်(၁၆၀၀ ဘီစီ – ၁၀၄၆ ဘီစီ)နှင့် ဟန်မင်းဆက်အစောပိုင်းကာလ (၂၀၂ ဘီစီ – ၂၅ အေဒီ)က သင်္ချိုင်းဂူပေါင်း ၁,၁၀၀ ကျော်တွေ့ရှိခဲ့ကြောင်း သိရသည်။
ဗီယင်ကျန်း၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) တရုတ်-လာအိုရထားလမ်းအတွက် လာအိုနိုင်ငံသား တွဲဖက်ရထားယာဉ်မောင်းရွေးချယ်ရေး စာမေးပွဲကို ဇွန် ၁၈ ရက် တွင် ကျင်းပပြီးဆုံးခဲ့ရာ လာအိုနိုင်ငံသား သင်တန်းသား (၆၆) ဦးစလုံး စာမေးပွဲအောင်မြင်၍ တရုတ်-လာအို ရထားလမ်း ပထမအသုတ် လာအိုနိုင်ငံသား မီးရထားယာဉ်မောင်းများအဖြစ် တရားဝင်ခန့်အပ်ခဲ့သည်။
ပေကျင်း၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သိပ္ပံပညာရှင်များက လူလိုက်ပါအာကာသယာဉ် Shenzhou-14အတွက် သတ္တုအခြေခံ အပူထိန်းလွှာကို တီထွင်ခဲ့ရာ ၎င်းမှာ အာကာသယာဉ်မှူးများ ဂြိုဟ်ပတ်လမ်းအတွင်း ၆ လကြာနေထိုင်ချိန်ကာလအတွင်း အပူလွန်၊အအေးလွန်ခြင်းဒဏ်မှ ကာကွယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ရင်ချန်း ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှဟေး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လင်ဝုမြို့ Majiatan မြို့ငယ်ရှိ သတ္တုတွင်း ရေနုတ်မြောင်းကို တူးဖော်တည်ဆောက်ထားသည့် ရေကန်ကြီးတစ်ခု၏ ရေမျက်နှာပြင်ပေါ်တွင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများကိုစွာ တပ်ဆင်ကာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျက်ရှိသည်။
အယ်လ်ဂျီးယားစ် ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ) Baraki အားကစားကွင်းသည် ဖီဖာ(FIFA) ကမ္ဘာ့ဖလားပြိုင်ပွဲအပါအဝင် အမျိုးမျိုးသော အားကစားပြိုင်ပွဲများလက်ခံကျင်းပရန် ဖီဖာကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ စံချိန်စံညွှန်အားလုံးနှင့် ကိုက်ညီမှုရှိသည့် အယ်လ်ဂျီးရီးယားနိုင်ငံ၏ ပထမဆုံးကစားကွင်းကြီးဖြစ်ကြောင်း ယင်းအားကစားကွင်းကို တည်ဆောက်ပေးခဲ့သည့် China Railway Construction Engineering Group တရုတ်ကုမ္ပဏီ၏ ပြောကြားချက် အရ...
ရင်ချွမ်း ၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) သဲထိန်းချုပ်ကာရံရေး ကြိုးပမ်းအားထုတ်မှုများ၌ နှစ်မြုပ်ထားသော မျိုးဆက်သုံးဆက်ကြောင့်ပင် ကျယ်ပြောလှေသာ Maowusu ကန္တာရ၏ အနောက်တောင်ဘက်စွန်း Lingwu မြို့ရှိ Baijitan အမျိုးသားဂေဟဗေဒကြိုးဝိုင်းတွင် ဟက်တာပေါင်း ၄၂,၀၀၀ ကျယ်ဝန်းသော အိုအေစစ်လေးတစ်ခု ဖန်တီးဖြစ်ပေါ်လာခဲ့သည်။ ယခုအခါ ယင်းအိုအေစစ်သည် တရုတ်နိုင်ငံ...
ဟာရာရီ၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) ဇင်ဘာဘွေနိုင်ငံ သမ္မတ Emmerson Mnangagwa က ဇင်ဘာဘွေရှိ အကြီးဆုံး လီသီယမ်သတ္တုတွင်း Bikita အဆင့်မြှင့်တင်ရေးစီမံကိန်းကို ဇွန် ၁၇ ရက်က ဖွင့်လှစ်ပေးခဲ့သည်။ တရုတ်ကုမ္ပဏီ Sinomine Resource Group သည် ယခုနှစ် ဇန်နဝါရီတွင်...
ပေကျင်း၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) လက်ရှိတွင် ကျယ်ပြန့်သော ထွန်းသစ်စစျေးကွက်နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် BRICS ပူးပေါင်းဆောင်ရွက်မှုအတွင်း ပါဝင်လိုသော ဆန္ဒပိုမိုပြင်းပြလာရာ BRICS ပူးပေါင်းဆောင်ရွက်မှု ထပ်ဆင့်တိုး နက်ရှိုင်းခြင်း၏ အရေးပါမှုက ပိုမိုပေါ်လွင်လာသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက ဇွန် ၁၇ ရက်တွင် ပြောကြားခဲ့သည်။...
အစ္စလာမ်မာဘတ်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံသည် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) မှတစ်ဆင့် အောင်မြင်မှုများစွာရရှိခဲ့ပြီး တရုတ်ပြည်သူများနှင့် ဆက်ဆံရေး ဆက်လက်တိုးတက်နေမည်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Bilawal Bhutto Zardari က ဇွန် ၁၇ ရက်တွင် ပြောကြားခဲ့သည်။ ပါကစ္စတန်နှင့် တရုတ်နိုင်ငံတို့ သည်...