Connect with us

Media

တရုတ်နိုင်ငံ၏ စွမ်းအင်သစ်အသုံးပြု ခရီးသည်တင်မော်တော်ယာဉ် ရောင်းအားနှင့် တင်ပို့မှု ၂၀၂၃ ခုနှစ်အတွင်း မြင့်တက်

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ရှိ BYD မော်တော်ကားကုမ္ပဏီမှ ထုတ်လုပ်လိုက်သော အစီးရေ ၅ သန်းမြောက် စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ်ကို ၂၀၂၃ ခုနှစ် ဩဂုတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ စွမ်းအင်သစ်အသုံးပြု ခရီးသည်တင်မော်တော်ယာဉ် ရောင်းအားနှင့် တင်ပို့မှုသည် ၂၀၂၃ ခုနှစ်အတွင်း မြင့်တက်လာခဲ့ကြောင်း စက်မှုလုပ်ငန်းအချက်အလက်များ၌ ဖော်ပြထားသည်။

ယမန်နှစ်က အဆိုပါ မော်တော်ယာဉ် အစီးရေ ၇.၇၄ သန်းခန့် ရောင်းချနိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်ကထက် ၃၆.၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း တရုတ်နိုင်ငံ ခရီးသည်တင်မော်တော်ကားအသင်းထံမှ သိရသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ တစ်လတည်းတွင်ပင် စွမ်းအင်သစ်အသုံးပြု ခရီးသည်တင်မော်တော်ယာဉ် အစီးရေ ၉၄၅,၀၀၀ စီး ရောင်းချနိုင်ခဲ့ရာ ၂၀၂၂ ခုနှစ် အလားတူကာလထက် ၄၇.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အသင်းက ဆိုသည်။
တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ် အစီးရေ ၁.၀၅ သန်းခန့် တင်ပို့နိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်ကထက် ၇၂ ရာခိုင်နှုန်း များပြားခဲ့ကြောင်း အချက်အလက်များ၌ ဖော်ပြထားသည်။ (Xinhua)

………………………………
(English Version)
Sales, exports of China’s new-energy passenger vehicles soar in 2023
BEIJING, Jan. 9 (Xinhua) — Sales and exports of China’s new-energy passenger vehicles registered robust expansion in 2023, industry data showed.
About 7.74 million such vehicles were sold last year, surging 36.2 percent year on year, according to the China Passenger Car Association.
In December alone, sales of these vehicles hit 945,000 units, up 47.3 percent year on year, the association said.
China also exported around 1.05 million new-energy passenger vehicles in 2023, jumping 72 percent over a year earlier, the data revealed.
Photo: The five millionth new-energy vehicle produced by Chinese carmaker BYD rolls off production line in Shenzhen, south China’s Guangdong Province, Aug. 9, 2023. (Xinhua/Liang Xu)