Connect with us

Media

တရုတ်နိုင်ငံ ပြည်တွင်းထုတ် C919 ခရီးသည်တင်လေယာဉ် ပုံမှန်လမ်းကြောင်းသစ်ပြေးဆွဲ

ရှန်ဟိုင်း၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပြည်တွင်းထုတ် ခရီးသည်တင်လေယာဉ်ကြီး C919 သည် မြို့ကြီးများဖြစ်သော ပေကျင်းနှင့် ရှန်ဟိုင်းကြား ချိတ်ဆက်ထားသော လမ်းကြောင်းသစ်ကို ဇန်နဝါရီ ၁၀ ရက်စတင်ပြေးဆွဲခဲ့ကြောင်း သိရသည်။

China Eastern Airlines မှ ပြေးဆွဲသော ခရီးစဉ်အမှတ် MU5137 လေယာဉ်သည် ရှန်ဟိုင်း Hongqiao အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မွန်းလွဲ ၃:၄၀ နာရီခန့်က ထွက်ခွာသွားခဲ့သည်။ ခရီးသည်ပါဝင်မှု ၈၅ ရာခိုင်နှုန်းကျော်ဖြင့် အဆိုပါ ခရီးစဉ်သည် အချိန်နှစ်နာရီနီးပါးကြာပြီးနောက် ပေကျင်း တာ့ရှင်း အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ခဲ့သည်။

အဆိုပါ ခရီးစဉ်သည် ရှန်ဟိုင်း Hongqiao-ချိန်တူးထျန်းဖူလမ်းကြောင်းပြီးနောက် C919 လေယာဉ်၏ ဒုတိယမြောက် ပုံမှန်ခရီးစဉ်လမ်းကြောင်းလည်းဖြစ်သည်။ (Xinhua)

………………………………
(English Version)
China’s homegrown C919 jetliner flies on new regular route
The C919, China’s self-developed large passenger aircraft, commenced operation on a new route connecting the megacities of Beijing and Shanghai on Tuesday.
Flight MU5137, operated by China Eastern Airlines, departed from Shanghai Hongqiao International Airport around 3:40 p.m. and reached Beijing Daxing International Airport nearly two hours later.
This marks the second regular route for the C919, following the previously launched Shanghai Hongqiao-Chengdu Tianfu route.
Xinhua News Agency correspondents reporting from Shanghai, China.