Connect with us

Media

တရုတ်နိုင်ငံ၏ Chang’e-6 အာကာသယာဉ်ကို ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် လွှတ်တင်ရန်လျာထား

ပေကျင်း၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ Chang’e-6 လကမ္ဘာသွားအာကာသယာဉ်ကို ယခုနှစ် ပထမနှစ်ဝက်တွင် လွှတ်တင်ရန် စီစဉ်ထားကြောင်း တရုတ် အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာနက ဇန်နဝါရီ ၁၀ ရက်၌ ပြောကြားခဲ့သည်။

Chang’e-6 လကမ္ဘာသွားအာကာသယာဉ်အတွက် ကုန်ပစ္စည်းများကို တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန် ပြည်နယ်ရှိ ဝန်ချန်း အာကာသယာဉ်လွှတ်တင်ရေးနေရာသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်းနှင့် အကြိုစမ်းသပ်လွှတ်တင်မှုများကို စီစဉ်ထားသည့်အတိုင်း ဆောင်ရွက်သွားမည်ကြောင်း အဆိုပါ ဦးစီးဌာနက ဆိုသည်။

လက်ရှိတွင် အာကာသယာဉ်လွှတ်တင်ရေးနေရာရှိ အဆောက်အအုံများမှာ အခြေအနေကောင်းမွန်ကြောင်းနှင့် ပြင်ဆင်ရေးလုပ်ငန်းကိုလည်း စီစဉ်ထားသည့်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

………………………….
(English Version)
China’s Chang’e-6 scheduled for launch in first half of 2024
BEIJING, Jan. 10 (Xinhua) — China’s Chang’e-6 lunar probe is scheduled for launch in the first half of this year, the China National Space Administration said Wednesday.
Products for the Chang’e-6 lunar probe have been transported to the Wenchang Spacecraft Launch Site in the southern province of Hainan, and pre-launch tests will be carried out as scheduled, the agency said.
Currently, the facilities at the launch site are in good condition and preparatory work is under way as planned, it added.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.