ဆန်ဒီယာဂို ၊ မတ် ၃၁ ရက် (ဆင်ဟွာ) ချီလီနိုင်ငံသမ္မတ Sebastian Pinera က ချီလီနိုင်ငံအနေဖြင့် တရုတ်နိုင်ငံထုတ် CanSino COVID-19 ရောဂါကာကွယ်ဆေးဝယ်ယူရေး သဘောတူညီမှု စာချုပ်ကို လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း မတ်လ ၃၀ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
ရာမာလာ ၊ မတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရ မှ ပါလက်စတိုင်းအား ကူညီထောက်ပံ့ပေးသည့် Sinopharm COVID-19 ရောဂါကာကွယ်ဆေးများသည် မတ်လ ၂၉ ရက်၌ ရာမာလာမြို့သို့ရောက်ရှိခဲ့ပြီး ပါလက်စတိုင်းဆိုင်ရာ တရုတ်နိုင်ငံလုပ်ငန်းတာဝန်ခံ ကော်ဝေ နှင့် ပါလက်စတိုင်းကျန်းမာရေးဝန်ကြီး Mai al-Kaila တို့က ကာကွယ်ဆေးလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့...
ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က ထျန်းဝန်-၁ အာကာသယာဉ်မှ ရိုက်ကူးထားသော အင်္ဂါဂြိုဟ်၏ ဓာတ်ပုံအသစ်နှစ်ပုံကို မတ် ၂၆ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
မာလေး၊ မတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ လှူဒါန်းသော COVID-19 ကာကွယ်ဆေး ပထမအသုတ်နှင့် ကူးစက်ရောဂါတိုက်ဖျက်ရေး အထောက်အကူပစ္စည်းများသည် မတ် ၂၄ ရက် ညပိုင်းတွင် မော်လ်ဒိုက်နိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး မတ် ၂၅ ရက်၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
တိုကျို၊ မတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံနှင့် အခြားသောနိုင်ငံများမှ နိုင်ငံခြားသားသတင်းထောက်များကို COVID-19 ကာကွယ်ဆေးထိုးနှံမှုအတွက် မတ် ၂၃ ရက်က ပံ့ပိုးပေးခဲ့ကြောင်း Kyodo News သတင်းဌာနက မတ် ၂၄ ရက်က သတင်းဖော်ပြခဲ့သည်။
လွမ်ဒါ ၊ မတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ အင်ဂိုလာနိုင်ငံအား ကူညီထောက်ပံ့ပေးသည့် COVID-19 ရောဂါကာကွယ်ဆေးများသည် မတ်လ ၂၅ ရက်၌ အင်ဂိုလာနိုင်ငံမြို့တော် လွမ်ဒါသို့ ရောက်ရှိခဲ့သည်။ အင်ဂိုလာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ကုံထောင် ၊ အင်ဂိုလာနိုင်ငံ ကျန်းမာရေးဝန်ကြီး Silvia Lutucuta နှင့်...
ကီးယက် ၊ မတ် ၂၆ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံသို့ ပို့ဆောင်သော တရုတ်နိုင်ငံ Sinovac ကုမ္ပဏီမှ ထုတ်လုပ်သည့် ပထမအသုတ် COVID-19 ရောဂါကာကွယ်ဆေးများသည် မတ်လ ၂၅ ရက်ညပိုင်းအချိန်တွင် ယူကရိန်းနိုင်ငံမြို့တော် ကီးယက်သို့ရောက်ရှိခဲ့ပြီး ယူကရိန်းနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ဖန်းရှင်းရွန်း ၊ ယူကရိန်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး...
ကိုင်ရို၊ မတ် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက လှူဒါန်းသော COVID-19 ကာကွယ်ဆေး ဒုတိယအသုတ်ကို အီဂျစ်နိုင်ငံသို့ မတ် ၂၂ ရက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဘစ်ရှ်ကက်၊ မတ် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ Sinopharm ကာကွယ်ဆေးများကို ကာဂျစ္စတန်နိုင်ငံသို့ မတ် ၁၉ ရက်က လွှဲပြောင်းပေးခဲ့ပြီး ကာကွယ်ဆေးလှူဒါန်းခြင်း အခမ်းအနားကို မာနာ့စ်နိုင်ငံတကာလေဆိပ်တွင် ပြုလုပ်ခဲ့ကြောင်း ကာဂျစ္စတန်နိုင်ငံရှိ တရုတ်နိုင်ငံသံရုံးက ထုတ်ပြန်ခဲ့သည်။
အစ္စလာမ်မာဘတ်၊ မတ် ၁၉ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ သမ္မတ Sinopharm COVID-19 ကာကွယ်ဆေးထိုးနှံပြီးနောက် ဝန်ကြီးချုပ် အီမရန်ခန်းလည်း မတ် ၁၈ ရက်တွင် အဆိုပါကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ကြောင်း သိရသည်။