Connect with us

Media

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ကျေးရွာတွင် ကျေးလက်ဒေသပြန်လည်နိုးကြားမှုရှိစေရန် တရုတ်လေယာဉ်ထုတ်လုပ်ရေးက ပံ့ပိုးကူညီ

နင်းရှ၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ တစ်ချိန်က ဆင်းရဲနွမ်းမှုဒဏ်ခံစားခဲ့ရသော ဒေသတွင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို ပံ့ပိုးကူညီရန်နှင့် ကျေးလက်ဒေသပြန်လည်နိုးကြားလာရေး အဆင့်မြှင့်တင်ရန် တရုတ်လေကြောင်းကုမ္ပဏီတစ်ခုက ဆောင်ရွက်လျက်ရှိသည်။

C919 ခရီးသည်တင်လေယာဉ်ကြီးကို တီထွင်ထုတ်လုပ်သော တရုတ်စီးပွားဖြစ်လေယာဉ်ထုတ်လုပ်ရေး ကော်ပိုရေးရှင်း (COMAC) က နင်းရှ (ဟွေလူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရှီးကျီခရိုင်တွင် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးနေသည်မှာ ဆယ်စုနှစ်တစ်ခုကျော်ရှိနေပြီ ဖြစ်သည်။

အဆိုပါ ကုမ္ပဏီသည် ဒေသတွင်းစက်ရုံတစ်ရုံအား အဆင့်မြင့်နည်းပညာများနှင့် စေ့စပ်သေချာသော စနစ်တစ်ရပ်ကို မိတ်ဆက်ပေးခဲ့ကာ ဝင်ငွေများနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးလျက်ရှိသည်။

“COMAC က ကျွန်တော်တို့ အလုပ်ရုံမှာ အဆင့်မြင့်ထုတ်လုပ်ရေးလိုင်းတွေ တည်ဆောက်ပေးခြင်းနဲ့ ‘6S’ ထုတ်လုပ်ရေး စီမံခန့်ခွဲမှုစနစ်ကို မိတ်ဆက်ပေးခြင်းအားဖြင့် ကုန်ထုတ်လုပ်မှု အကျိုးကျေးဇူးတွေကို အပြည့်အဝ ရရှိစေပါတယ်။ ကျွန်တော်တို့ ထုတ်လုပ်ရေးလုပ်ငန်းစဉ်ကို ကြီးမားစွာ စံချိန်မီဖြစ်စေခဲ့ပါတယ်” ဟု COMAC မှ ရန်ပုံငွေပံ့ပိုးပေးထားသော စက်ရုံမှူး Gao Zhihong က ပြောကြားခဲ့သည်။

COMAC မှ ရန်ပုံငွေပံ့ပိုးပေးသော အလုပ်ရုံရှိ အလုပ်သမားတစ်ဦးဖြစ်သော Wang Dongling က “ကျွန်မက ဒေသခံတစ်ဦးပါ။ အလုပ်လည်းမရှိပါဘူး။ ဒီစက်ရုံကို ရောက်လာတာ ၃ နှစ်ရှိပါပြီ။ ကျွန်မ လတိုင်း လစာ ယွမ် ၂,၀၀၀ (အမေရိကန်ဒေါ်လာ ၂၉၄.၈ ခန့်) ရပါတယ်။ ပြီးတော့ ကျွန်မရဲ့ မိသားစုတွေကို စောင့်ရှောက်နိုင်ဖို့ အိမ်နဲ့နီးတဲ့အလုပ်ရချင်တယ်။ ဒီအလုပ်ကို အလွန်နှစ်သက်ပါတယ်” ဟု ပြောသည်။

ထို့ပြင် COMAC သည် ဒေသထွက်ကုန်များကို စီးပွားဖြစ်ဆောင်ရွက်နိုင်ရေးနှင့် အကျိုးအမြတ်များများ ရရှိရေးအတွက် အမှတ်တံဆိပ်များ ထူထောင်ရေးအတွက်လည်း လုပ်ဆောင်လျက်ရှိသည်။

“COMAC က ၂၀၁၂ ခုနှစ်ကစပြီးတော့ ရှီးကျီခရိုင်ကို ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်နေပါတယ်။ COMAC ရှီးကျီ ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုစင်တာ တည်ထောင်ပြီးတော့ ခေတ်အမီဆုံး အစိတ်အပိုင်းတွေနဲ့ ထုတ်ကုန်သစ်တွေ ထုတ်လုပ်ရေးမှာ အထောက်အကူပြုဖို့ အရည်အသွေးရှိတဲ့ ရင်းနှီးမြှုပ်နှံကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါတွေကို ဒေသခံ ယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်းအမှတ်တံဆိပ်နဲ့ ပေါင်းစပ်ပြီး ဒေသထွက် လယ်ယာ-ထုတ်ကုန်တွေကို ပိုမိုအဆင့်မြင့်မားဖို့ ဆွဲဆောင်ပေးပါတယ်” ဟု COMAC ၏ လေယာဉ်စမ်းသပ်ပျံသန်းမှုစင်တာ၊ လက်ထောက် ဌာနေမန်နေဂျာ Li Lin က ပြောခဲ့သည်။ (Xinhua)

……………………………………..

(English Version)
China’s plane maker contributes to rural revitalization in NW China village
A Chinese aviation company has been doing its part to help reduce poverty and advance rural revitalization in a once poverty-stricken area in northwest China.
COMAC, the developer of the C919 large passenger aircraft, has been providing paired assistance to Xiji County in Ningxia Hui Autonomous Region for over a decade.
The company introduced advanced technologies and a mature management system to a local plant, which has created revenues and job opportunities.

SOUNDBITE 1 (Chinese): GAO ZHIHONG, Head of a plant funded by COMAC

“COMAC gives full play to its manufacturing advantages by establishing advanced production lines in our workshop, and introducing the ‘6S’ production management system, which has greatly standardized our production process.”

SOUNDBITE 2 (Chinese): WANG DONGLING, Worker at a workshop funded by COMAC

“I’m a local resident. I had no job. I came to this plant 3 years ago. My monthly salary is 2,000 yuan (about 294.8 U.S. dollars). What’s more, I get to work near my home so I can take care of my family. I like this job very much.”
Besides, COMAC has also worked to commercialize local products and build brands to help generate more benefits.

SOUNDBITE 3 (Chinese): LI LIN, Deputy division manager, COMAC’s flight test center

“COMAC has been providing paired assistance to Xiji County since 2012. We established the COMAC Xiji Cultural and Creative Center, introduced quality investment to help develop new products with the most trendy elements. We also integrated these with a local cultural and tourism brand to attach higher added value to local agro-products, making them known by more people.”
Xinhua News Agency correspondents reporting from Yinchuan, China. (XHTV)