ပေကျင်း၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဥရုဂွေးနိုင်ငံနှင့်အတူ နှစ်နိုင်ငံလုံးနှင့် ပြည်သူများအတွက် ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများ ရရှိစေမည့် အစီအစဉ်အား ဘက်စုံနည်းလမ်းဖြင့် ဆက်ဆံရေးချဲ့ထွင်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ယနေ့ (ဖေဖော်ဝါရီလ ၃ ရက်) တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံ ဆက်ဆံရေး ခိုင်မာစွာ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိလာစေရန် အတူတကွ ပူးတွဲလုပ်ဆောင်ကြရန် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ယနေ့ (ဇန်နဝါရီလ ၂၈ ရက်) တွင် တိုက်တွန်း ပြောကြားလိုက်သည်။
ပေကျင်း၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တာရိုကိုမို သည် ဇန်နဝါရီ ၂၇ ရက်မှ ၂၈ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်လာရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင် က ပေကျင်းမြို့တွင် ဇန်နဝါရီ ၂၆ ရက်က ကြေညာခဲ့သည်။
အိုဆာကာ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် နိုဝင်ဘာလ ၅ ရက်မှ ၁၀ ရက်အထိ ပြုလုပ်မည့် တရုတ်နိုင်ငံ နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ (China International Import Expo= CIIE) နှင့် ရှန်ဟိုင်းတွင် ရင်းနှီးမြှုပ်နှံမှု အခင်းအကျင်းအား...
ကျိုချွမ်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကိုဖီသဲကန္တာရ ရှိ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေး စင်တာက ပေကျင်းစံတော်ချိန် ဇန်နဝါရီ ၁၃ ရက် နေ့လည် ၃း၁၀နာရီတွင် မြေအရင်းအမြစ် ရှာဖွေဖော်ထုတ်ရေး ဂြိုဟ်တုတစ်လုံးအား သတ်မှတ်ဂြိုဟ်ပတ်လမ်းကြောင်း အတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။
ကိုလံဘို၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ တောင်ပိုင်း Marata မြို့တွင် တရုတ်နိုင်ငံ တည်ဆောက်ပေးသော Marata-Kataragama ရထားလမ်းချဲ့ထွင်ခြင်း စီမံကိန်း၏ ပထမအဆင့် လမ်းခင်းခြင်းလုပ်ငန်း စတင်ပြီဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ ဒုတိယအကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးအား တရုတ်နိုင်ငံ မြို့တော် ပေကျင်း၌ ဇန်နဝါရီလ ၁၈ ရက်မှ ၁၉ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို...
ဟီဘီ ၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ လက်နက်ကိုင်တပ်ပေါင်းစုံပါဝင်သော စစ်ရေးလေ့ကျင့်မှု အသစ်တစ်ခုကို ၂ဝ၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ ယခုနှစ်စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွင် စစ်သားပေါင်း ၄ဝဝဝ ကျော်ပါဝင် လေ့ကျင့်လျက်ရှိသည်။
ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၂၀၁၈ ခုနှစ်တွင် ရုရှားနိုင်ငံနှင့်အတူ နိုင်ငံရေးအရ ပေါင်းစည်းမှုရှိခြင်းနှင့် မဟာဗျူဟာကျသော အပြန်အလှန် ယုံကြည်ခြင်း၊ နယ်ပယ်စုံတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ခြင်းဖြင့် လက်တွဲလုပ်ဆောင်ရန် အသင့်ရှိကြောင်း ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်အား...
ဂွမ်ကျိုး ၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံထုတ် ကုန်းရေ နှစ်မျိုး သွားနိုင်သည့် AG600 လေယာဉ်ကို နိုင်ငံတောင်ပိုင်း ကွမ်ဒေါင်း(Guangdong) ပြည်နယ်၌ ယနေ့(ဒီဇင်ဘာ ၂၄ ရက်)တွင် အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ကြောင်း သိရသည်။