ပေကျင်း၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ) MiG လေယာဉ်ကုမ္ပဏီက ပဥ္စမမြောက် လေယာဉ်တင်သင်္ဘောအခြေစိုက် တိုက်လေယာဉ်အား စတင်တီထွင်နေပြီဖြစ်ရာ နှစ်အနည်းငယ်အတွင်း ရှေ့ပြေးပုံစံ တည်ဆောက်ရန် စီစဉ်ထားကြောင်း Sputnik သတင်းအေဂျင်စီက ရုရှားစစ်ဘက်ဆိုင်ရာ စက်မှုအဖွဲ့(MIC)၏ သတင်းအရင်းအမြစ်များကို ကိုးကား၍ ဇူလိုင် ၂၆ ရက်တွင် ဖော်ပြထားသည်။
မော်စကို ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုမြို့စွန်၌ ဇူလိုင် ၂၀ ရက်တွင်စတင်ဖွင့်လှစ်ခဲ့သည့် နိုင်ငံတကာလေကြောင်း နှင့်အာကာသဝန်ဆောင်မှုပြပွဲ (MAKS)-2021 တွင် ၎င်းတို့၏ ပဉ္စမမျိုးဆက် အပေါ့စား အင်ဂျင်တစ်လုံးတပ် ဂျက်တိုက်လေယာဉ် “Checkmate” ကို ပထမဆုံး ပွဲဦးထွက် ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။
ဆိုဖီယာ ၊ ဇွန် ၉ ရက်(ဆင်ဟွာ) ပင်လယ်နက်ပေါ်တွင် ပြုလုပ်သည့် ဘူဂေးရီးယား-အမေရိကန် စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်း ဘူဂေးရီးယားနိုင်ငံမှ MiG-29 တိုက်လေယာဉ်တစ်စင်းသည် ရေဒါမြင်ကွင်းမှ ကွယ်ပျောက်သွားခဲ့ပြီး ၎င်းအား ရှာဖွေရေး နှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ဇွန် ၉ ရက် နံနက်ပိုင်းတွင် ဘူဂေးရီးယားနိုင်ငံ အစိုးရက ပြောကြားခဲ့သည်။
ကိုင်ရို ၊ မေ ၅ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံက ပြင်သစ်နိုင်ငံမှ Rafale တိုက်လေယာဉ် အစင်း ၃၀ ဝယ်ယူရန် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း အီဂျစ်စစ်တပ်၏မေ ၄ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။
မော်စကို ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) ရုရှား နိုင်ငံ တိုက်လေယာဉ် က သြဂုတ် ၇ ရက် ၌ Okhotsk ပင်လယ်ပေါ် တွင် ရုရှား နိုင်ငံ နယ်နိမိတ် သို့ ချဉ်းကပ်လာသော အမေရိကန် နိုင်ငံ ဗုံးကြဲ လေယာဉ်...
နယူးယောက် ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) အမေရိကန် လေတပ်မှ F-16 Viper တိုက်လေယာဉ်တစ်စင်းသည် ဇူလိုင် ၁၃ ရက် ညနေပိုင်းက နယူးမက္ကဆီကိုပြည်နယ်ရှိ Holloman လေတပ်အခြေစိုက်စခန်းသို့ ဆင်းသက်စဉ် ပျက်ကျမှု ဖြစ်ပွားခဲ့ရာ လေယာဉ်မှူးမှာ အသေးစား ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။
ကာတာ ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ) အင်ဒိုနီးရှား လေတပ်မှ တိုက်လေယာဉ်တစ်စင်းသည် အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း Riau ပြည်နယ်၌ ယနေ့တွင် ပျက်ကျသွားခဲ့ကြောင်း ၊ သို့သော် ထိခိုက်သေဆုံးမှု မရှိကြောင်း အင်ဒိုနီးရှားလေတပ်မှ ပြောရေးဆိုခွင့်ရှိသူ ပထမလေတပ်ဦးစီးချုပ် Fajar Adriyanto က ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ် ၊ မတ် ၁၁ ရက်(ဆင်ဟွာ) ပါကစ္စတန် နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်၌ ပါကစ္စတန်လေတပ်မှ F-16 တိုက်လေယာဉ်တစ်စီးသည် မတ် ၁၁ ရက်တွင် ပါကစ္စတန်နေ့ စစ်ရေးပြ အခမ်းအနားမတိုင်မီ အကြိုလေ့ကျင့်မှု အတွင်း ပျက်ကျသွားခဲ့ကြောင်း ပါကစ္စတန်လေတပ်မှ Syed Ahmer Raza က...
ဘန်ကောက်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ လေတပ်က F-5 TH တိုက်လေယာဉ် ၁၄ စင်းနှင့် U-1 မောင်းသူမဲ့လေယာဉ် (UAV) ၁၇ စင်း ပါဝင်သော လေယာဉ်အုပ်စုတစ်စု တပ်ဖြန့်ခဲ့ကြောင်း သိရသည်။
ပြုံယမ်း ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က သြဂုတ်လ ၂၂ ရက် ၌ တောင်ကိုရီးယား နိုင်ငံ ၏ အမေရိကန် နိုင်ငံ မှ ကိုယ်ပျောက်တိုက်လေယာဉ်များ ထပ်မံ တင်သွင်းမှု အပေါ် ပြင်းထန်စွာ...