Connect with us

North America

အမေရိကန်လေတပ်မှ F-16 ဂျက် တိုက်လေယာဉ် ပျက်ကျ ၊ လေယာဉ်မှူး ဒဏ်ရာရရှိ

အမေရိကန် နိုင်ငံ ကယ်ရီဖိုးနီးယားပြည်နယ် Orange ခရိုင်၌ ပျံသန်းနေသော F-16 တိုက်လေယာဉ် တစ်စင်းအား ၂၀၁၇ ခုနှစ် စက်တင်ဘာလက တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) 

အမေရိကန် လေတပ်မှ F-16 Viper တိုက်လေယာဉ်တစ်စင်းသည် ဇူလိုင် ၁၃ ရက် ညနေပိုင်းက နယူးမက္ကဆီကိုပြည်နယ်ရှိ Holloman လေတပ်အခြေစိုက်စခန်းသို့ ဆင်းသက်စဉ် ပျက်ကျမှု ဖြစ်ပွားခဲ့ရာ လေယာဉ်မှူးမှာ အသေးစား ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

 “အမေရိကန်လေတပ် အမှတ် ၄၉ ပျံသန်းလေ့ကျင့်ရေးက F-16C Viper တိုက်လေယာဉ်တစ်စင်းဟာ ဒီနေ့ ခန့်မှန်းခြေ ဒေသစံတော်ချိန် ၁၈၀၀ နာရီမှာ Holloman လေတပ်အစိုက်စခန်းကို ဆင်းသက်ဖို့ လုပ်နေတုန်း ပျက်ကျသွားတာပါ ။ လေယာဉ်မှူးကတော့  အောင်မြင်စွာ ခုန်ထွက်လွတ်မြောက်သွားပါတယ်။ အသေးစား ဒဏ်ရာတွေရသွားတဲ့အတွက် သူ့ကို အခုအခါ ဆေးကုသပေးနေတယ် ”ဟု အမှတ် ၄၉ ပျံသန်းလေ့ကျင့်ရေး ပြည်သူ့ရေးရာဌာန၏ ထုတ်ပြန်ချက်ကို Holloman လေတပ်အခြေစိုက်စခန်း၏ website တွင် ဖော်ပြထားသည်။ အရေးပေါ်တုံ့ပြန်ကယ်ရေးအဖွဲ့ဝင်များက အချင်းဖြစ်ပွားရာနေရာသို့ရောက်ရှိလာခဲ့ကြောင်း နှင့် လေယာဉ် ပျက်ကျရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)