အစ္စတန်ဘူလ် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) တူရကီနိုင်ငံနိုင်ငံတွင် ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသေးသော လူများအား COVID-19 ကာကွယ်ဆေး သက်သေခံကတ်ပြားအတု ထုတ်ပေးမှုစွပ်စွဲချက်ဖြင့် စက်တင်ဘာ ၇ ရက်က သူနာပြုသုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။
ဘဂ္ဂဒက်၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ) တူရကီ မောင်းသူမဲ့ဒရုန်းယာဉ်က ဩဂုတ် ၁၇ ရက်တွင် အီရတ်နိုင်ငံမြောက်ပိုင်း ကာဒစ္စတန်အလုပ်သမားပါတီနေရာတစ်ခုကို ပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ လက်နက်ကိုင် (၁၈)ဦး သေဆုံးခဲ့ကြောင်း အီရတ် စစ်တပ်က ယင်းနေ့တွင် ပြောကြားခဲ့သည်။
အစ္စတန်ဘူလ်၊ဩဂုတ် ၄ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ တောင်ပိုင်း နှင့် အနောက်တောင်ပိုင်းရှိ ပြည်နယ်များစွာတွင် တောမီးများအကြီးအကျယ်လောင်ကျွမ်းနေရာ မှန်းဆ၍ မရနိုင်သောအနေအထားကြောင့် COVID-19 ကပ်ရောဂါကြောင့် ဆုံးရှုံးမှုများအားပြန်လည်နလံထူရေး လာမည့် နွေရာသီတွင် ခရီးသွားလုပ်ငန်း ပြန်လည်စတင်ရန် မျှော်လင့်ချက်မှာလည်း လျော့ပါးမှေးမှိန်သွားခဲ့ရကြောင်း သိရသည်။
အန်တယ်လ်ရာ ၊ တူရကီ ၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အန်တယ်လ်ရာအပန်းဖြေမြို့(Antalya) အရှေ့ဘက်ရှိ Manavgat မြို့ငယ်အနီးတွင် စနေနေ့ကတည်းက တောမီးများ လောင်ကျွမ်းမှုဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သော ရက်သတ္တပတ်အတွင်း တူရကီနိုင်ငံတစ်ဝှမ်းတွင် တောမီးလောင်ကျွမ်းမှု ၁၁၁ ခုဖြစ်ပွားခဲ့ရာ အများစုကို တနင်္ဂနွေနေ့အရောက်တွင် ငြိှမ်းသတ်ထားနိုင်ပြီဖြစ်ကြောင်း...
ဘရပ်ဆဲလ်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ သမ္မတ ရီဆပ် တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်နှင့် “အကျိုးရှိပြီး ရိုးရှင်းသော” တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း ဇွန် ၁၄ ရက်တွင် ပြောကြားခဲ့သည်။ နေတိုး...
ဘဂ္ဂဒက် ၊ ဇွန် ၆ ရက် (ဆင်ဟွာ) တူရကီနိုင်ငံသည် ဇွန် ၅ ရက်က နယ်စပ်ဖြတ်ကျော်၍ အီရတ်နိုင်ငံမြောက်ပိုင်းရှိ ဒုက္ခသည်စခန်းတစ်ခုအား ဗုံးကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ယင်းစခန်းအတွင်းရှိ အနည်းဆုံး လူ ၃ ဦး သေဆုံးသွားခဲ့ပြီး လူအများအပြား ဒဏ်ရာရရှိကြောင်း အီရတ်နိုင်ငံ နိုင်ငံရေးပါတီတစ်ခုမှ အရာရှိတစ်ဦး က...
အေသင် ၊ ဇွန် ၁ ရက် (ဆင်ဟွာ) ဂရိနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Nikos Dendias က မေ ၃၁ ရက်တွင် အေသင်မြို့သို့ အလည်အပတ် ခရီးစဉ်ဖြင့် ရောက်ရှိလာသော တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlüt Çavuşoğlu အား လက်ခံတွေ့ဆုံခဲ့ပြီး ဂရိနိုင်ငံအနေဖြင့် တူရကီနိုင်ငံ နှင့်...
အစ္စတန်ဘူလ် ၊ မတ် ၁၈ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ၌ ပြည်သူ ၄ ဒသမ ၂ သန်းကျော်မှာ တရုတ်နိုင်ငံ Sinovac Biotech မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီး ဖြစ်ကြောင်း တူရကီ ကျန်းမာရေးဝန်ကြီးဌာနက မတ် ၁၇ ရက်တွင်...
အန်ကာရာ၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) တူရကီနိုင်ငံတွင် မတ်လမှစတင်ကာ ပြည်နယ်ဆိုင်ရာအဆင့်များတွင် COVID-19 တိုက်ဖျက်ရေး ကန့်သတ်ချက်များကို ဖြည်းဖြည်းချင်း ဖြေလျှော့သွားမည်ဖြစ်ကြောင်း တူရကီ သမ္မတ ရီဆပ် တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က ဖေဖော်ဝါရီ ၁၇ ရက်က ပြောကြားခဲ့သည်။
အန်ကာရာ၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တူရကီနိုင်ငံသည် တရုတ်နိုင်ငံမှ ထုတ်လုပ်သော ကာကွယ်ဆေး အလုံးရေ သန်း ၅၀ ထပ်မံရရှိရန်အတွက် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း တူရကီ ကျန်းမာရေးဝန်ကြီး Fahrettin Koca က ဖေဖော်ဝါရီ ၁၀ ရက်က...