Connect with us

Africa & Middle East

တူရကီက နယ်စပ်ဖြတ်ကျော် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းကြောင့် အီရတ်နိုင်ငံ မြောက်ပိုင်း ရှိ ဒုက္ခသည်စခန်း မှ လူ ၃ ဦး သေဆုံး

တူရကီနိုင်ငံ လေတပ် မှ တိုက်လေယာဉ်များကို စစ်ရေးပြအခမ်းအနား၌ မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက် ၊ ဇွန် ၆ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံသည် ဇွန် ၅ ရက်က နယ်စပ်ဖြတ်ကျော်၍ အီရတ်နိုင်ငံမြောက်ပိုင်းရှိ ဒုက္ခသည်စခန်းတစ်ခုအား ဗုံးကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ယင်းစခန်းအတွင်းရှိ အနည်းဆုံး လူ ၃ ဦး သေဆုံးသွားခဲ့ပြီး လူအများအပြား ဒဏ်ရာရရှိကြောင်း အီရတ်နိုင်ငံ နိုင်ငံရေးပါတီတစ်ခုမှ အရာရှိတစ်ဦး က ပြောကြားခဲ့သည်။အီရတ် နိုင်ငံ ကာဒ့်မျိုးချစ်သမဂ္ဂ (Patriotic Union of Kurdistan)မှ အရာရှိတစ်ဦးဖြစ်သူ ရာရှပ်ဂိုင်လာနီ က သတင်းမီဒီယာ နှင့်တွေ့ဆုံစဉ် ဒုက္ခသည်စခန်း၌ တူရကီနိုင်ငံ မှ ရောက်ရှိလာသော ကာဒ့် လူမျိုးဒုက္ခသည်ပေါင်း ထောင်များစွာကို လက်ခံထားရကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

တူရကီနိုင်ငံ သမ္မတ Recep Tayyip Erdoğan က တူရကီ နှင့် အီရတ် နိုင်ငံ နယ်စပ်အနီးတွင် တည်ရှိနေသော ဒုက္ခသည်စခန်းသည် Kurdistan Workers’ Party ကာဒ့်အလုပ်သမားပါတီ လက်နက်ကိုင်များအတွက် အကာအကွယ်ပေးနေသဖြင့် တူရကီနိုင်ငံ က နယ်မြေရှင်းလင်းမှုများ ပြုလုပ်သွားရမည်ဖြစ်ကြောင်း လတ်တလောရက်ပိုင်းတွင် ပြောကြားခဲ့သည်။

လတ်တလောနှစ်ပိုင်းတွင် တူရကီနိုင်ငံ က အီရတ်နိုင်ငံ နယ်နိမိတ်အတွင်းရှိ Kurdistan Workers’ Party ကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ (Xinhua)

—————————————————–
(Chinese Version)

(国际)土耳其跨境空袭伊拉克北部一难民营地致3人死亡

新华社巴格达6月5日电(记者张淼)伊拉克一政党官员5日说,土耳其方面当天跨境空袭了伊拉克北部的一处难民营地,造成3人死亡、数人受伤。
伊拉克库尔德斯坦爱国联盟官员拉沙德•盖拉尼在接受媒体采访时说,该难民营地收留了数千名来自土耳其的库尔德难民。

土耳其总统埃尔多安近日表示,位于土伊边境附近的难民营地为库尔德工人党武装分子提供庇护,土耳其方面将采取行动予以清理。
近年来,土耳其多次空袭伊拉克境内的库尔德工人党目标。(完)

Photo
8月30日,在土耳其安卡拉,受阅战斗机方阵通过检阅广场。当日,土耳其举行盛大的“胜利日”阅兵式,庆祝土耳其“胜利日”92周年。1922年8月30日,土耳其战胜外国侵略军、取得民族解放战争胜利。新华社记者李铭摄