Connect with us

WORLD

တူရကီနိုင်ငံက တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေးများ ထပ်မံရရှိရန် သဘောတူလက်မှတ်ရေးထိုး

တူရကီနိုင်ငံ အန်ကာရာမြို့ရှိ လူနေရပ်ကွက်တစ်ခုတွင် ကျန်းမာရေးဝန်ထမ်းက ဒေသခံတစ်ဦးကို COVID-19 ပဋိပစ္စည်းစစ်ဆေးမှု ပြုလုပ်နေစဉ် (ဆင်ဟွာ)

အန်ကာရာ၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တူရကီနိုင်ငံသည် တရုတ်နိုင်ငံမှ ထုတ်လုပ်သော ကာကွယ်ဆေး အလုံးရေ သန်း ၅၀ ထပ်မံရရှိရန်အတွက် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း တူရကီ ကျန်းမာရေးဝန်ကြီး Fahrettin Koca က ဖေဖော်ဝါရီ ၁၀ ရက်က ပြောကြားခဲ့သည်။

“ယခင်က ကာကွယ်ဆေးအလုံးရေ သန်း ၅၀ အတွက် စာချုပ်တစ်ခု ချုပ်ဆိုထားပါတယ်။ ကျွန်တော်တို့မှာ Sinovac (တရုတ်ကုမ္ပဏီ) ထံမှ တောင်းဆိုချက်အရ ဆေးအလုံးရေ သန်းပေါင်း ၅၀ အပေါင်း ၅၀ (50 plus 50) ရရှိမှာဖြစ်ပြီး ဒုတိယမြောက် ကာကွယ်ဆေး သန်း ၅၀ အတွက် လက်မှတ်ရေးထိုးတာဖြစ်ပါတယ်” ဟု ၎င်းက သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကို ပြောကြားခဲ့သည်။

တူရကီနိုင်ငံသည် CoronaVac COVID-19 ကာကွယ်ဆေး အလုံးရေ ၁၃ သန်းကို လက်ခံရရှိထားပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် တူရကီနိုင်ငံသည် ဖေဖော်ဝါရီလတွင် BioNTech ကာကွယ်ဆေး ၅၀၀,၀၀၀ မှ ၈၀၀,၀၀၀ ရရှိမည်ဖြစ်ပြီး မတ်လကုန်ပိုင်း၌ ကာကွယ်ဆေးပမာဏ ၄.၅ သန်းမှ ၅ သန်းအထိ ရောက်ရှိမည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

တူရကီနိုင်ငံတွင် ဖေဖော်ဝါရီ ၁၀ ရက်က ရောဂါလက္ခဏာပြသူ ၆၆၄ ဦး အပါအဝင် COVID-19 ရောဂါဖြစ်ပွားမှုအသစ် ၈,၆၄၂ ဦးရှိခဲ့ရာ စုစုပေါင်း ရောဂါဖြစ်ပွားသူ ၂,၅၅၆,၈၃၇ ဦးအထိ ရောက်ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနအရ သိရသည်။

တူရကီနိုင်ငံ၌ အဆိုပါ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက် စုစုပေါင်းမှာ ၂၇,၀၉၃ ဦးအထိ မြင့်တက်လာခဲ့ပြီး ပြန်လည်ကျန်းမာလာသူဦးရေမှာ ၂,၄၄၅,၂၈၅ ရှိခဲ့သည်။

တူရကီနိုင်ငံတွင် တရုတ်နိုင်ငံထုတ် CoronaVac ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် ခွင့်ပြုခဲ့ပြီးနောက် ဇန်နဝါရီ ၁၄ ရက်၌ ကျန်းမာရေးဝန်ထမ်းများကို ကာကွယ်ဆေးထိုးနှံခြင်း စတင်ခဲ့သည်။ လက်ရှိအချိန်အထိ လူဦးရေ ၂,၈၁၀,၀၀၀ ကျော် ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

တူရကီနိုင်ငံ၌ ပထမဆုံး COVID-19 ဖြစ်ပွားမှုကို ၂၀၂၀ ပြည့်နှစ် မတ် ၁၁ ရက်က တွေ့ရှိခဲ့သည်။ (Xinhua)

—————————-

(English Version)
Turkey signs deal for more Chinese COVID-19 vaccines
2021-02-11 21:12:03
ANKARA, Feb. 10 (Xinhua) — Turkey has made a deal for 50 million more doses of Chinese vaccines, Turkish Health Minister Fahrettin Koca said on Wednesday.
“Previously, a contract was made for 50 million doses of vaccine. We had 50 plus 50 (million doses) request from (Chinese company) Sinovac, and a contract for the second 50 million was signed,” he told reporters at a press conference.
Turkey has received 13 million doses of the CoronaVac COVID-19 vaccine so far.
Turkey will also get 500,000-800,000 BioNTech vaccine doses in February, with the number of doses reaching 4.5 million to 5 million by the end of March, said the minister.
Turkey on Wednesday reported 8,642 new COVID-19 cases, including 664 symptomatic patients, as the total number of positive cases in the country reached 2,556,837, according to the health ministry.
The death toll from the virus in Turkey rose by 95 to 27,093, while the total recoveries climbed to 2,445,285 after 7,903 more cases recovered in the last 24 hours.
The country started mass vaccination of health workers on Jan. 14 after the authorities approved the emergency use of the Chinese CoronaVac vaccine. More than 2,810,000 people have been vaccinated so far.
Turkey reported its first COVID-19 case on March 11, 2020. Enditem
A medical worker conducts COVID-19 antibody test for a resident at a community in Ankara, Turkey, on June 11, 2020. Turkish Health Minister Fahrettin Koca on Thursday said nearly 85 percent of the total confirmed COVID-19 cases in Turkey have recovered. Turkey’s total novel coronavirus cases climbed to 174,023, with 987 new patients in the past 24 hours, Koca tweeted. (Photo by Mustafa Kaya/Xinhua)