Connect with us

Europe

ဂရိနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက တူရကီနိုင်ငံ နှင့် ပုံမှန် ဆက်ဆံရေး ပြန်လည်ရရှိအောင် တဆင့်ခြင်း ဆောင်ရွက်သွားလိုကြောင်း ပြောကြား

အေသင် ၊ ဇွန် ၁ ရက် (ဆင်ဟွာ)

ဂရိနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Nikos Dendias က မေ ၃၁ ရက်တွင် အေသင်မြို့သို့ အလည်အပတ် ခရီးစဉ်ဖြင့် ရောက်ရှိလာသော တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlüt Çavuşoğlu အား လက်ခံတွေ့ဆုံခဲ့ပြီး ဂရိနိုင်ငံအနေဖြင့် တူရကီနိုင်ငံ နှင့် နှစ်ဘက်ဆက်ဆံရေး ပုံမှန်ပြန်လည်ရရှိအောင် တဆင့်ခြင်း ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတို့သည် တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ပူးတွဲ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပြီး ဂရိနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Nikos Dendias က နှစ်နိုင်ငံအနေဖြင့် မတူကွဲပြားသည့် သဘောထားများ တည်ရှိနေသည်ကို ဝန်ခံလိုပြီး အချို့သော အရေးပါသည့် ကိစ္စရပ်များတွင် သဘောထားရပ်တည်ချက် မတူညီကြသည်ကိုလည်း ဝန်ခံလိုကြောင်း ၊ ယခုအကြိမ် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကနဦး အပြန်အလှန် နားလည်းမှုရရှိစေရန်ဖြစ်ပြီး အနာဂတ်တွင် အခြေအနေ တစ်ဆင့်ခြင်း ပုံမှန်ပြန်လည်ဖြစ်တည်စေရန်အတွက် အခြေခံရရှိအောင် ဖော်ဆောင်ခြင်းဖြစ်ကြောင်း ၊ နှစ်နိုင်ငံအနေဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စီမံကိန်း စသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ သဘောတူညီချက်ရရှိခဲ့ပြီး ခရီးသွားလုပ်ငန်း အတူတကွ ပြန်လည်ကောင်းမွန်လာအောင် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlüt Çavuşoğlu က နှစ်နိုင်ငံအကြားတွင် ဖြေရှင်း၍မရသေးသည့် ကိစ္စရပ်များ များစွာကျန်ရှိနေသေးကြောင်း ၊ နှစ်နိုင်ငံလုံးက နိုင်ငံတကာ ဥပဒေ နှင့် အတူတကွ အကျိုးစီးပွားများကို အခြေခံ၍ ဖြေရှင်းမှုနည်းလမ်းကို ရှာဖွေသွားကြရန် ယူဆခဲ့ကြကြောင်း ပြောကြားခဲ့သည်။

ထို့နောက် နှစ်နိုင်ငံ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ရာတွင် ဂရိနိုင်ငံ ဝန်ကြီးချုပ် နှင့် တူရကီနိုင်ငံ သမ္မတ တို့သည် မေလတွင် ကျင်းပပြုလုပ်မည့် နေတိုး ထိပ်သီးအစည်းအဝေး အတွင်း တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

တူရကီနိုင်ငံသည် ယခင်နှစ် သြဂုတ်လက စူးစမ်းရှာဖွေရေး သင်္ဘောစေလွှတ်၍ ဂရိနိုင်ငံ နှင့် အငြင်းပွားမှုဖြစ်ပွားနေသော ရေပိုင်နက်တွင် လုပ်ငန်းဆောင်ရွက်မှု ပြုလုပ်စေခဲ့သည့်အတွက် နှစ်နိုင်ငံအကြား တင်းမာမှုအခြေအနေသည် မြင့်တက်ခဲ့ရကြောင်း ၊ ဂရိနိုင်ငံ က တူရကီနိုင်ငံသည် ဂရိ ကမ်းလွန်ရေတိမ်ပိုင်း ရေပိုင်နက်အတွင်း ရေအောက် သဘာဝဓာတ်ငွေ့စသည့် သယံဇာတ များကို စူးစမ်းရှာဖွေခဲ့သည်ဟုဆိုကာ တူရကီ၏ လုပ်ရပ်အပေါ် အပြင်းအထန် ကန့်ကွက်ကြောင်း ၊ တူရကီနိုင်ငံ ကမူ ယင်းစူးစမ်းရှာဖွေမှုပြုလုပ်သည့်နေရာသည် တူရကီနိုင်ငံ ၏ ကမ်းလွန်ရေတိမ်ပိုင်း ရေပိုင်နက် နယ်နိမိတ်အတွင်းတည်ရှိသည်ဟု မှတ်ယူထားကြောင်း သိရသည်။ (Xinhua)

——————————————————
(Chinese Version)

(国际)希腊外长:希望希土关系“逐步正常化”

新华社雅典5月31日电(记者于帅帅)希腊外长登迪亚斯5月31日在雅典会见来访的土耳其外长恰武什奥卢时表示,希腊希望与土耳其的双边关系“逐步正常化”。

登迪亚斯在会见后举行的联合新闻发布会上说,希腊承认双方“持有不同意见,并在某些重要问题上态度不同”,当天的会谈旨在达成初步的相互了解,并为未来实现“局势逐步正常化”打下基础。

他说,双方已就经济合作项目等达成一致,将共同促进旅游业复苏。  恰武什奥卢表示,两国之间有许多悬而未决的问题,双方都认为应该在“基于国际法和共同利益的基础上”寻求解决问题的办法。

双方还共同宣布,希腊总理米佐塔基斯和土耳其总统埃尔多安将在6月北约峰会期间举行会谈。
土耳其去年8月派出勘探船在与希腊有争议的海域作业,两国矛盾激化。希腊指责土方在希腊大陆架海域勘探海底天然气等资源,强烈反对土方做法。土耳其认定勘探海域在土耳其大陆架范围内。(完)

Photo
5月31日,希腊外长登迪亚斯(右)和来访的土耳其外长恰武什奥卢在雅典参加新闻发布会。新华社发(马里奥斯•罗洛斯摄)