ဆန်ဖရန်စစ္စကို၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ် မန်ဒိုစီနို၊ လိတ်ခ်နှင့် ထရီနီတီနယ်မြေများတွင် အကြီးကျယ်ဆုံးလောင်ကျွမ်းခဲ့သည့် တောမီးကြောင့် မြေဧရိယာ ၁,၀၀၂,၀၉၇ ဧက (၄,၀၅၅ စတုရန်းကီလိုမီတာ) လောင်ကျွမ်းခဲ့ကြောင်းကယ်လီဖိုးနီးယားသစ်တောနှင့် မီးဘေးကာကွယ်ရေးဌာန (Cal Fire) က အောက်တိုဘာ ၅ ရက် နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
ဆန်ဖရန်စစ္စကို ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်အနှံ့အပြား၌ စက်တင်ဘာ ၁၃ ရက်အထိ ဆက်လက်လောင်ကျွမ်းလျက်ရှိသော တောမီးကြောင့် ပြီးခဲ့သော တစ်လအတွင်း အနည်းဆုံး လူပေါင်း ၁၉ ဦးသေဆုံးပြီး မြေဟက်တာ ၃ ဒသမ ၂ သန်း ( ၁၂,၉၅၀...
လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် တောမီးကြောင့် မြေဧက ၃.၁ သန်း (၁၂,၅၂၅ စတုရန်းကီလိုမီတာ) လောင်ကျွမ်းကာ စံချိန်တင်ခဲ့ကြောင်း အာဏာပိုင်များက စက်တင်ဘာ ၁၀ ရက်၌ ပြောကြားခဲ့သည်။
လော့အိန်းဂျလိစ် ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်၌ လွန်ခဲ့သောတစ်ပတ်ကျော်ခန့်က မိုးကြိုးပစ်ခံရာမှတစ်ဆင့် တောမီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားခဲ့ရာ ဩဂုတ် ၈ ရက် နံနက်ပိုင်းထိ မြေဟက်တာ ၂၀,၀၉၈ (၈၁.၃ စတုရန်း ကီလိုမီတာ) ထိ မီးလောင်ကျွမ်းသွားခဲ့ပြီး လုံးဝ ထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
လော့စ်အန်ဂျလိစ် ၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) ကမ္ဘာကျော် ဟောလီဝုဒ် မင်းသားကြီး လီယိုနာဒို ဒီကာပရီယို၏ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့က ဩစတြေးလျ နိုင်ငံ၌ မီးငြှိမ်းသတ်နေမှုများအား အမေရိကန် ဒေါ်လာ သုံးသန်း လှူဒါန်းမည် ဖြစ်ကြောင်း ဇန်နဝါရီ ၉ ရက်တွင် ပြောကြားခဲ့သည်။
အက်ခ်လန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ဩစတြေးလျနိုင်ငံတွင် တောမီး အကြီးအကျယ်လောင်ကျွမ်းမှုမှ ထွက်ရှိလာသည့် မီးခိုးလုံးကြီးများကြောင့် ဇန်နဝါရီ ၅ ရက် မွန်းလွဲပိုင်းက နယူးဇီလန်နိုင်ငံ အက်ခ်လန်မြို့၏ ကောင်းကင်ပြင်သည် အံ့ဩထိတ်လန့်ဖွယ် လိမ္မော်ရောင်အဖြစ် ပြောင်းလဲသွားကြောင်း သိရသည်။
ဂျကာတာ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံတွင် တောမီးလောင်မှုကြောင့် ဆူမတြားကျွန်းနှင့် ကာလီမန်တန်ကျွန်းများတွင် လေဆိပ်များနှင့် စာသင်ကျောင်းများ ပိတ်ထားရသောကြောင့် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိသော ဆူမတြားကျွန်းသို့ တပ်ဖွဲ့ဝင်အင်အား ၁၀၀ တပ်ဖြန့်ထားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ရီယိုဒီဂျနေရို ၊ သြဂုတ် ၂၅ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ အမေဇုံသစ်တော၌ တောမီးများအနှံ့အပြား ဆက်လက်လောင်ကျွမ်းနေစဉ် သမ္မတ Jair Bolsonaro က သဘာဝပတ်ဝန်းကျင် ထိခိုက်အောင်ပြုလုပ်သည့် ရာဇဝတ်မှုများကို “လုံးဝသည်းခံမည်မဟုတ်” ကြောင်း သြဂုတ် ၂၃ ရက် ညနေပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
လော့စ်အိန်းဂျလိစ် ၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်သည် နိုဝင်ဘာ ၁၇ ရက်က တောမီးအကြီးအကျယ်လောင်ကျွမ်းနေသည့် အမေရိကန်နိုင်ငံမြောက်ကယ်လီဖိုးနီးယားပြည်နယ်သို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ၊ ၎င်းတောမီးကြောင့် သေဆုံးသူ ၇၆ ဦးထိ မြင့်တက်လာကာ အခြားလူပေါင်း ၁၂ဝဝ ကျော်၏ အခြေအနေကိုလည်း မသိရှိရသေးကြောင်း တာဝန်ရှိသူများက ဆိုသည်။
လော့အိန်ဂျလိစ်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် တွင် တောမီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ ၁၀ ရက်တွင် ရုပ်အလောင်း ၁၄လောင်းကို ထပ်မံရှာတွေ့ခဲ့ပြီးနောက် သေဆုံးသူ ဦးရေသည် ၂၃ဦးအထိ မြင့်တက်လာကြောင်း ဒေသခံတာဝန်ရှိသူများကပြောကြားခဲ့သည်။