ဘန်ကောက် ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ နှင့် တရုတ်နိုင်ငံတို့သည် အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ဆောင်ရွက်ရန်၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန်နှင့် အနာဂတ်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အစီအစဉ်ချမှတ်ရန် ဇူလိုင် ၅ ရက်တွင် သဘောတူခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ မေ ၁၉ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတော်ဝင်ဖောင်တော်ပြတိုက်ကို ၁၉၇၂ ခုနှစ်တွင် ဘန်ကောက်မြို့၌ တည်ဆောက်ခဲ့ပြီး စုစုပေါင်း တော်ဝင်ဖောင်တော် ၈ စင်း ပြသထားသည်။ ထိုင်းနိုင်ငံတော်ဝင်ဖောင်တော်၏ သမိုင်းကြောင်းကို အေဒီ ၁၃ ရာစုခန့်က Sukhothai မင်းဆက်ခေတ် တော်ဝင်ရေပေါ်အခမ်းအနားမှတဆင့် ခြေရာခံသိရှိနိုင်သည်။ (Xinhua) ……………………………………………...
ဗီယင်ကျန်း ၊ ဧပြီ ၃ ရက်(ဆင်ဟွာ) တရုတ်-လာအို ရထားလမ်းဖြင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်သို့ ထိုင်းနိုင်ငံမှ အသီးအနှံများအား လာအိုနိုင်ငံ မြို့တော်ဗီယင်ကျန်းမြို့မှ ပထမဆုံးအကြိမ် တင်ပို့ခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ မတ် ၃၁ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတွင် 5G စမတ်နည်းပညာ ဆေးရုံစီမံကိန်း ကို ကနဦးအသုံးပြုနေသည့် Siriraj ဆေးရုံ သို့ အရေးပေါ် လူနာတင်ကား ယာဉ်ကြောပိတ်ဆို့နေစဉ်အတွင်း အသက်အန္တရာယ်အခြေအနေ၊ ရုပ်မြင်ပုံရိပ်နှင့် ဆေးမှတ်တမ်းစသည့် လူနာ၏ အဓိက အချက်အလက်များ အား ကြိုတင်ကာ ပို့ဆောင်ထားနိုင်ခဲ့သည်။...
ဘန်ကောက် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) Nakhon Pathom ပြည်နယ်ရှိ သားသတ်ရုံတစ်ခုမှ စုဆောင်းရယူထားသည့် မြေပြင်ဓာတ်ခွဲနမူနာတစ်ခုတွင် အာဖရိကဝက်အပြင်းဖျားရောဂါကူးစက်မှုအား တွေ့ရှိရကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့ပြီး ယင်းမှာ နိုင်ငံအတွင်း ပထမဆုံး တိရစ္ဆာန်ရောဂါဖြစ်ပွားမှု ဖြစ်ကြောင်း ထိုင်းနိုင်ငံက ပြောကြားခဲ့သည်။
ဘန်ကောက်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း Kalasin ပြည်နယ်တွင် COVID-19 ဗီဇပြောင်းဗိုင်းရပ်စ် အိုမီခရွန် ပထမဆုံးအစုလိုက်အပြုံလိုက် ကူးစက်ခံရမှုအား တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ဒီဇင်ဘာ ၂၄ ရက်က ထုတ်ပြန်ခဲ့သည်။
ဘန်ကောက် ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ ဘုရင် မဟာဗာဂျီရယ်လောင်ကွန်းက ထိုင်းနိုင်ငံ နှင့် တရုတ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းများ ဖြစ်ကြောင်း ၊ ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးများ နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
ဘန်ကောက် ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ ပြည်နယ်များ၏ ထက်ဝက်နီးပါးသည် တိုက်ဖွန်းမုန်တိုင်း Dianmu ကြောင့် ပြင်းထန်သော ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ အကြီးအကျယ်ထိခိုက်ခဲ့ပြီး လူ ၇ ဦးထက်မနည်း သေဆုံးကာ ၁ ဦး ပျောက်ဆုံးနေကြောင်း နိုင်ငံ၏ ဘေးအန္တရာယ်ထိန်းချုပ်ရေး တာဝန်ရှိသူများက စက်တင်ဘာ...
ဘန်ကောက် ၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံက မြို့တော်ဘန်ကောက် နှင့် အခြား အဓိက ခရီးသွားနေရာများတွင် ကာကွယ်ဆေးထိုးနှံရေး ရည်မှန်းထားသည့််ပမာဏထက်များစွာ နောက်ကျ ကျန်ရစ်နေသဖြင့် ယင်းနေရာများအား နိုင်ငံခြားခရီးသွားများ ပြန်လည်ဖွင့်လှစ်မှုကို နိုဝင်ဘာလအထိ ရွှေ့ဆိုင်းရန် စီစဉ်လိုက်ကြောင်း သိရသည်။
ဘန်ကောက် ၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံက လာမည့်ငါးနှစ်အတွင်း လူပေါင်း ၁ သန်း ဆွဲဆောင်ရန် ရည်ရွယ်၍ အလားအလာမြင့်မားသောနိုင်ငံခြားသားများ ရေရှည်နေထိုင်ခွင့် အစီအမံများကို စက်တင်ဘာ ၁၄ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။