Connect with us

Media

ထိုင်းနိုင်ငံက ဈေးဝယ်စင်တာပစ်ခတ်မှုဖြစ်ပွားပြီးနောက် ခရီးသွားဧည့်သည်များ၏ ယုံကြည်မှု ပြန်လည်ရရှိစေရေးနှင့် ဘေးကင်းလုံခြုံစေရေး ရည်မှန်းဆောင်ရွက်နေ

ဘန်ကောက်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံက ခရီးသွားဧည့်သည်များအကြား ယုံကြည်မှုပြန်လည်ရရှိစေရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဘန်ကောက်မြို့လယ်ရှိ နာမည်ကျော် ဈေးဝယ်စင်တာ၌ ပစ်ခတ်မှု ကြောင့် လူနှစ်ဦး သေဆုံးကာ အခြားသူ ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် တစ်ရက်အကြာ အောက်တိုဘာ ၄ ရက်တွင် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ထိုင်းအစိုးရက ယင်းကိစ္စအား အလွန်အလေးထားဆောင်ရွက်ပြီး အလားတူဖြစ်ရပ် ထပ်မံမဖြစ်ပွားရေးအတွက် အစီအမံများ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ဝန်ကြီးချုပ် ဆေထာထဝီဆင်က သေဆုံးခဲ့သူများအတွက် ဝမ်းနည်းကြောင်း ဖော်ပြကာ ဈေးဝယ်စင်တာ၌ တစ်မိနစ်ကြာငြိမ်သက်မှုတွင် ပါဝင်ခဲ့ပြီးနောက် ပြောကြားခဲ့သည်။ (Xinhua)

…………………………
(English Version)
Thailand aims to ensure safety, restore tourists confidence after deadly mall shooting
Thailand will take steps to ensure safety and restore confidence among tourists, officials said on Wednesday, one day after a shooting at a renowned shopping mall in downtown Bangkok that killed two people and injured five others.
The Thai government has attached great importance to this matter and will implement measures to prevent the recurrence of similar incidents, Prime Minister Srettha Thavisin said after joining a one-minute silence at the mall and expressing condolences to the deceased.
Xinhua News Agency correspondents reporting from Bangkok.(XHTV)