Connect with us

Media

တရုတ်ကားထုတ်လုပ်သူ Changan က ထိုင်းနိုင်ငံ၌ ပထမဆုံးစက်ရုံတည်ဆောက်မှု စတင်

ဘန်ကောက်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ထိပ်တန်းကားထုတ်လုပ်သူ Changan က ထိုင်းနိုင်ငံ၌ ၎င်းတို့၏ ပထမဆုံးကားစက်ရုံအတွက် နိုဝင်ဘာ ၈ ရက်တွင် မြေနေရာပန္နက်ရိုက်အခမ်းအနား ကျင်းပခဲ့ပြီး အရှေ့တောင်အာရှတွင် ၎င်းတို့၏နေရာအား တိုးချဲ့လာသည့် အဓိကခြေလှမ်းတစ်ရပ် ဖြစ်လာခဲ့သည်။

ဧက ၆၀၀ ခန့် ကျယ်ဝန်းသည့် စက်ရုံသည် Rayong ကမ်းရိုးတန်းပြည်နယ်ရှိ အရှေ့စီးပွားရေး စင်္ကြံ (EEC) အထူးဇုန်တွင် တည်ရှိပြီး ဆေးမှုတ်ခြင်း၊ ပစ္စည်းအစိတ်အပိုင်း တပ်ဆင်ခြင်း ၊ အင်ဂျင်တပ်ဆင်ခြင်းနှင့် ဘက်ထရီ တပ်ဆင်ခြင်းဌာနများသာမက မရှိမဖြစ်လိုအပ်သည့် ထောက်ပံ့ရေးအဆောက်အဦများ ပါရှိမည် ဖြစ်ကြောင်း သိရသည်။
စက်ရုံပထမအဆင့်ကို ၂၀၂၅ ခုနှစ်အစောပိုင်းတွင် စတင်ရန် သတ်မှတ်ထားပြီး ကနဦးတွင် တစ်နှစ်လျှင် ယာဉ်အစီးရေ ၁၀၀,၀၀၀ အထိ ထုတ်လုပ်သွားရန် မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)

…………………………..
(English Version)
Chinese carmaker Changan breaks ground for 1st plant in Thailand
China’s leading automaker Changan held a groundbreaking ceremony on Wednesday for its first car plant in Thailand, marking a major step toward expanding its footprint in Southeast Asia.
The new manufacturing facility, spanning approximately 600 acres, is located in the Eastern Economic Corridor Special Zone in coastal Rayong province and will include painting, assembly, engine assembly, and battery assembly units as well as essential supporting facilities.
With the first phase set to commence in early 2025, the initial design anticipates the production of up to 100,000 vehicles per year.
Xinhua News Agency correspondents reporting from Rayong, Thailand.(XHTV)