အစ္စလာမ်မာဘတ်၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံက လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံ၌ တာလီဘန်သိမ်းပိုက်လိုက်ပြီး နောက်ဆက်တွဲအဖြစ် အာဖဂန် ခရစ်ကတ်အသင်း၊ နိုင်ငံခြားသားများနှင့် အာဖဂန်နစ္စတန်နိုင်ငံသားများ အပါအဝင် လူဦးရေ ၄,၀၀၀ ကို ပြည်ဝင်ခွင့်များ (visas) ထုတ်ပေးခဲ့ကြောင်း ပါကစ္စတန် ပြည်ထဲရေးဝန်ကြီး Sheikh Rasheed က...
အစ္စလာမ်မာဘတ် ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တိုင်ပိုင်း Quettaမြို့တွင် ဩဂုတ် ၈ ရက် ညပိုင်းက ရဲကားတစ်စီးဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံးရဲတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးပြီး အခြား ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရသွားကြောင်း ဆေးရုံတာဝန်ရှိသူ နှင့် ရဲအရာရှိများ၏ ပြောကြားချက်အရ သိရသည်။
အစ္စလာမ်မာဘတ်၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ Matiari မှ Lahore သို့ သွယ်တန်းထားသည့် ±660kV Matiari-Lahore high-voltage direct current (HVDC) လျှပ်စစ်ဓါတ်အားပို့လွှတ်ရေးစီမံကိန်း၏ ဓါတ်အားပို့လွှတ်မှုအခမ်းအနားကို ဇွန် ၂၅ ရက်က အစ္စလာမ်မာဘတ်နှင့်ပေကျင်းအကြား ဗီဒီယိုချိတ်ဆက်၍ တစ်ချိန်တည်း ကျင်းပခဲ့ကြောင်း သိရသည်။...
အစ္စလာမ်မာဘတ်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် လာဟိုးမြို့ရှိ လူနေအဆောက်အဦတစ်လုံးတွင် ဇွန် ၂၃ ရက်က ဗုံးပေါက်ကွဲမှုကြောင့် လူ ၃ ဦးသေဆုံးပြီး အခြား၂၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပန်ဂျပ်ပြည်နယ် ဝန်ကြီးချုပ် Usman Buzdar က အတည်ပြုပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းရှိ Balochistan ပြည်နယ်၊ Khuzdar ခရိုင်၌ ခရီးသည်တင်ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၈ ဦးသေဆုံးခဲ့ကာ ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဇွန် ၁၁ ရက်နံနက်ပိုင်းတွင် ဒေသတွင်းသတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါဘတ်စ်ကားသည်...
အစ္စလာမ်မာဘတ် ၊ ဇွန် ၈ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ တောင်ပိုင်း Sindh ပြည်နယ်တွင် ဇွန် ၇ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သော ရထားနှစ်စင်း တိုက်မှုတွင် သေဆုံးသူအရေအတွက် ၆၂ ဦး ထိ မြင့်တက်သွားပြီးဖြစ်ကြောင်း အစိုးရအရာရှိတစ်ဦးက ယနေ့ ဇွန် ၈ ရက်တွင်...
အစ္စလာမ်မာဘတ်၊ ဇွန် ၈ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ် Washuk ခရိုင်၌ ဇွန် ၇ ရက် ညနေပိုင်းက ဓာတ်ငွေ့ဆလင်ဒါအိုး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၈ ဦး သေဆုံးပြီး အခြားလူ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသမီဒီယာနှင့်...
အစ္စလာမ်မာဘတ်၊ ဇွန် ၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် မေ ၃၁ ရက် ညနေပိုင်းက မိုးရွာသွန်းခြင်းနှင့် ဆက်စပ်သော ဖြစ်ရပ်များအတွင်း လူ ၁၀ ဦးထက်မနည်း သေဆုံးကာ အခြားသူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။
အစ္စလာမ်မာဘတ်၊ မေ ၂၉ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံတွင် Rashakai အထူးစီးပွားရေးဇုန် တည်ဆောက်မှုဖွင့်ပွဲအခမ်းအနားကို မေ ၂၈ ရက်က ကျင်းပခဲ့သည်။ ၎င်းမှာ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံမူဘောင်အောက်တွင် အကောင်အထည်ဖော် ဆောင်ရွက်သည့် ပထမဆုံး စက်မှုဥယျာဉ်၏ ဘက်စုံတည်ဆောက်မှုဖြစ်သည်။ စက်မှုထွန်းကားရေးသည် နိုင်ငံ၏အနာဂတ်ဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan...
အစ္စလာမ်မာဘတ် ၊ မေ ၂၄ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် အီမရန်ခန်း(Imran Khan)က တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ(CEPC) သည် ပါကစ္စတန်နိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်မှုသာမက ဒေသတွင်းတစ်ခုလုံးအတွက်လည်း ဖွံ့ဖြိုးမှုကို ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း မေ ၂၃ ရက်တွင် ပြောကြားခဲ့သည်ဟု ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။