Connect with us

Media

CPEC အရ ကာရော့ ‌ရေအားလျှပ်စစ် စီမံကိန်းမှ သန့်ရှင်းပြီးဈေးနှုန်းသက်သာသည့် လျှပ်စစ်ဓါတ်အားများ ထုတ်လွှတ်နိုင်မည်

အစ္စလာမ်မာဘတ်၊ မေ ၂၈ ရက် (ဆင်ဟွာ)

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) ၏  အဓိက ကျသည့် ကနဦးစီမံကိန်းတစ်ခုဖြစ်သော ကာရော့ ရေအားလျှပ်စစ်စီမံကိန်း သည် ပါကစ္စတန်နိုင်ငံအတွက် သန့်ရှင်းပြီး စျေးနှုန်းသက်သာသော လျှပ်စစ်ဓာတ်အား ပံ့ပိုးပေးမည်ဖြစ်ပြီး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်မည်ဟု ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Shehbaz Sharif က မေ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

“ရေအားလျှပ်စစ်စီမံကိန်းဟာ ပိုမိုတွက်ခြေကိုက်ပါတယ် ဒါဟာ စွမ်းအင်မျိုးဆက်မှာ သန့်စင်တဲ့အရင်းအမြစ်တစ်ခုလည်းဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ရေအားလျှပ်စစ်စီမံကိန်းကို သွားရောက်လည်ပတ်စဉ် အင်ဂျင်နီယာများနှင့်အလုပ်သမားများနှင့်တွေ့ဆုံရာ၌ ပြောကြားခဲ့သည်။

ကာရော့ ရေအားလျှပ်စစ်စီမံကိန်းသည် နှစ်စဉ် ပျမ်းမျှလျှပ်စစ်ဓာတ်အား ထုတ်လွှတ်မှုပမာဏသည် ကီလိုဝပ်နာရီ ၃.၂ ဘီလီယံရှိကာ နှစ်စဉ်ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှု တန်ချိန် ၃.၅ သန်း လျှော့ချနိုင်မည်ဖြစ်ပြီး ဒေသခံ ၅ သန်းခန့်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဖြစ်သည်။

ကာရော့ ရေအားလျှပ်စစ်စီမံကိန်းကိုမကြာမီစတင်လည်ပတ်မည်ဖြစ်ပြီး ၎င်းမှာ သန့်စင်သည့် စွမ်းအင် မဂ္ဂါဝပ်ပေါင်း ၇၂၀ ခန့် ထုတ်လွှတ်နိုင်မည် ဖြစ်ရာ နိုင်ငံ၏ စီးပွားရေးကိုမြှင့်တင်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ကဆိုပြီး တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံမှ လုပ်သားများက စီမံကိန်းကိုအစောဆုံး ပြီးစီးစေရန် အတူတကွကြိုးပမ်းလုပ်ကိုင်နေကြကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

“ ဒါဟာ တရုတ်-ပါကစ္စတန် ချစ်ကြည်ရေး နဲ့ သံမဏိလို ခိုင်မာတဲ့ ညီရင်းအစ်ကို ဆက်ဆံရေးဖြစ်ပါတယ်၊ ဒါဟာ လူတိုင်း မှာ ရှိသင့်တဲ့ ချစ်ကြည်ရင်းနှီးမှုဆက်ဆံရေးဖြစ်ပါတယ်၊ ပါကစ္စတန်နိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုပုံစံကို အတုယူသင့်ပါတယ်”

“ ဒီစီမံကိန်းက ပါကစ္စတန်နဲ့ တရုတ်နိုင်ငံအကြား ချစ်ကြည်ရေးကို ပိုမိုခိုင်မာအားကောင်းစေမယ့် လှုပ်ရှားမှုတစ်ခုအဖြစ် မိမိတို့အပေါ် အထောက်အကူဖြစ်စေပါတယ်”  ဟု သူကဆိုသည်။

တရုတ်နိုင်ငံမှ မြစ်ကျဉ်းသုံးသွယ်ကော်ပိုရေးရှင်းမှ ရင်းနှီးမြှုပ်နှံသည့် ကာရော့ ‌ရေအားလျှပ်စစ်စီမံကိန်းသည်  ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်  ရှိ Jhelum မြစ် ရေတံခွန် ၅ ဆင့် စက်ရုံ များ ၏ စတုတ္ထအဆင့်ဖြစ် ကြောင်းသိရသည်။ (Xinhua)

………………………………………….

(English Version)

GLOBALink | Karot hydropower project under CPEC to generate clean, cheap electricity: Pakistani PM

ISLAMABAD, May 27 (Xinhua) — Pakistani Prime Minister Shahbaz Sharif said on Wednesday that the Karot Hydropower Project, a major pilot project under the China-Pakistan Economic Corridor (CPEC), will generate environment-friendly and cheap electricity, promoting green development in Pakistan.

“Hydroelectricity is much more cost-effective … it is also a clean source of power generation,” the prime minister said while speaking to the engineers and workers of the hydropower project during his visit.

The Karot hydropower project is expected to annually generate some 3.2 billion kilowatt-hours of clean electricity once put into operation, reducing 3.5 million tons of carbon dioxide emissions per year, and meeting the power demand of about 5 million local population.

The project would be operational soon and play a positive role by producing 720-megawatt of clean energy and in turn boosting the economy of the country, said the prime minister, adding that Chinese and Pakistani workers are working hard together to secure an early completion of the project.

“This is the China-Pakistan friendship and iron brotherhood … This is the passion for serving that everyone should have. Pakistan should emulate the Chinese model of development.”

“The project will help us in moving forward to further strengthen relations between Pakistan and China,” he said.

Invested by the China Three Gorges Corporation, the Karot hydropower project in Pakistan’s eastern Punjab province is the fourth level of the five cascade hydropower stations planned for the Jhelum River.

 

Produced by Xinhua Global Service