မနီလာ ၊ မတ် ၁ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၌ တရုတ်နိုင်ငံမှ လှူဒါန်းသည့် Sinovac ကုမ္ပဏီထုတ် CoronaVac ကာကွယ်ဆေး ရောက်ရှိလာပြီးနောက် တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှံခြင်း အစီအစဉ်အား ယနေ့ မတ် ၁ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။
မနီလာ၊ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)တရုတ်နိုင်ငံမှ လှူဒါန်းသော Sinovac ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ ၆ သိန်းသည် တနင်္ဂနွေနေ့တွင် ဖိလစ်ပိုင်နိုင်ငံသို့ရောက်ရှိလာမည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
မနီလာ၊ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဒါဗို့ပြည်နယ်တွင် ယနေ့ ဖေဖော်ဝါရီ ၇ ရက်တွင် ကနဦးတိုင်းတာစစ်ဆေးမှုအရ ပြင်းအား ၆.၃ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံငလျင် နှင့် မီးတောင်ဆိုင်ရာဌာန(Phivolcs) ၏ ထုတ်ပြန်ချက် အရ သိရသည်။
မနီလာ၊ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ဖိလစ်ပိုင်နိုင်ငံသမ္မတဒူတာတေးက တရုတ်နိုင်ငံ ဇီဝဆေးဝါးထုတ်လုပ်မှုကုမ္ပဏီများမှ တီထွင်ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးများသည် ဘေးကင်းလုံခြုံမှုရှိကြောင်း မှတ်ချက်ပြုပြောကြားခဲ့ပြီး တရုတ်ကာကွယ်ဆေးများဝယ်ယူရန် သူ၏အစိုးရအဖွဲ့ ဆုံးဖြတ်ခဲ့ခြင်းအပေါ် ကာကွယ်ပြောကြားလိုက်သည်။
မနီလာ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဖိလစ်ပိုင်နိုင်ငံ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနသည် ဇန်နဝါရီ ၁၆ ရက်က တရုတ်နိုင်ငံ ကုမ္ပဏီလုပ်ငန်းနှင့်အတူ ကန်ဒေါ်လာ သန်း(၉၄၀) တန်ဖိုး ရှိ သည့် Subic-Clark ရထားလမ်းစီမံကိန်းအား သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၏ ယင်းနေ့ သတင်းများအရ သိရသည်။ အဆိုပါစီမံကိန်းသည်...
မနီလာ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဖိလစ်ပိုင် လေတပ်(PAF)၏ ရဟတ်ယာဉ်တစ်စီးဖြစ်သည့် UH-1 “Huey”သည် ဇန်နဝါရီ ၁၆ ရက်က နိုင်ငံတောင်ပိုင်း Bukidnonပြည်နယ်တွင် ပျက်ကျမှုဖြစ်ပွားခဲ့ရာ ရဟတ်ယာဉ်ပေါ်ပါ လူ(၇)ဦးစလုံး သေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်က ယင်းနေ့တွင် ပြောကြားခဲ့သည်။
မနီလာ၊ဒီဇင်ဘာ၂၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ဖိလစ်ပိုင်နိုင်ငံ နေရာအနှံ့အပြားတွင် ပြီးခဲ့သော ရက်သတ္တပတ်ကုန်ပိုင်းက တိုက်ခတ်ခဲ့သည့် အပူပိုင်းလေဖိအားနည်းရပ်ဝန်းကြောင့် ရေကြီးရေလျှံမှုများ နှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ လူ ၈ ဦးသေဆုံးပြီး အခြား နှစ်ဦးထိခိုက်ဒဏ်ရာရရှိကာ တစ်ဦးပျောက်ဆုံးလျက်ရှိကြောင်း အာဏာပိုင်များက ယနေ့ ဒီဇင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
မနီလာ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဒေသဆိုင်ရာ ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံမှု သဘောတူညီချက်(RCEP) လက်မှတ်ရေးထိုးခြင်းသည် အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်စီးပွားရင်းနှီးမြှုပ်နှံမှုများကို ပို၍ အားကောင်းစေမည်ဖြစ်ပြီး ဒေသတစ်ခုလုံး၏ စီးပွားရေး ပြန်လည်နိုးထရန် တွန်းအားဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ ကုန်သွယ်ရေးနှင်စက်မှုလုပ်ငန်းဝန်ကြီး ပြီးခဲ့သည့်ရက်များတွင် ပြောကြားခဲ့သည်။
မနီလာ၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဖိလစ်ပိုင်နိုင်ငံရှိ အဓိကကျွန်းဖြစ်သော လူဇုံကျွန်းတစ်ခွင် နိုဝင်ဘာ ၁၁ ရက်မှစ၍ Vamco တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၇ ဦးအထိရှိလာပြီဖြစ်ကြောင်း အစိုးရ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအေဂျင်စီက နိုဝင်ဘာ ၁၂ ရက်တွင်...
မနီလာ ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် ဖိလစ်ပိုင်နိုင်ငံ၌ ပြည်သူ ၁၉ သန်းမှ ၃၁ သန်းအကြား နိုင်ငံ့လူဦးရေ၏ လေးပုံတစ်ပုံကျော်သည် စူပါတိုင်ဖွန်းမုန်တိုင်းဂွန်နီ(Goni) ၏ သက်ရောက်မှုဒဏ်ကို ကြုံတွေ့ရလိမ့်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံသဘာဝဘေးအန္တရာယ်အဖွဲ့က ယနေ့ နိုဝင်ဘာ ၁ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။