Connect with us

Asia

လူ ၉ ဦး သေဆုံးပြီး တစ်ဦးပျောက်ဆုံးနှင့်အတူ အပူပိုင်းမုန်တိုင်း Choi-wan ဖိလစ်ပိုင်နိုင်ငံမှ ထွက်ခွာသွား

ဖိလစ်ပိုင်နိုင်ငံ Albay ပြည်နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်းက Goni လေမုန်တိုင်း တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ကာ ရေနစ်မြုပ်နေသော နေအိမ်တစ်လုံးအား ကြည့်ရှုနေသူတစ်ဦးကို တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ ၊ ဇွန် ၆ ရက်(ဆင်ဟွာ)

လူ ၉ ဦးထက်မနည်း သေဆုံးပြီး အခြားတစ်ဦး ပျောက်ဆုံးခဲ့ပြီးနောက် ဇွန် ၅ ရက်တွင် အပူပိုင်းမုန်တိုင်း Choi-wan သည် ဖိလစ်ပိုင်နိုင်ငံမှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။အပူပိုင်းမုန်တိုင်း Choi-wan သည် ဇွန် ၁ ရက်မှ စတင်ကာ ဖိလစ်ပိုင်နိုင်ငံရှိ ဒေသအများအပြားအား ရိုက်ခတ်ခဲ့ပြီးနောက် အပူပိုင်းဒေသ လေဖိအားနည်းရပ်ဝန်းအဖြစ် အသွင်ပြောင်း ပျောက်ကွယ်သွားသည်ဟု ပြည်နယ်ရာသီဥတုဗျူရိုက ပြောကြားခဲ့ပြီး ယင်း အပူပိုင်းလေဖိအားနည်းရပ်ဝန်းသည် ယခုအခါ ဖိလစ်ပိုင်နိုင်ငံ ဧရိယာပြင်ပတွင် ဖြစ်တည်နေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အမျိုးသားသဘောဝဘေးအန္တရာယ် လျော့ပါးရေး နှင့် စီမံခန့်ခွဲမှုကောင်စီက ယင်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း နှင့် အလယ်ပိုင်း ၊ အဓိက Luzon ကျွန်းများရှိ ဒေသ ၉ ခု၌ လူဦးရေ ၉၄,၀၀၀ နီးပါး အပေါ် သက်ရောက်မှုရှိခဲ့ကြောင်း ဆိုသည်။

မုန်တိုင်းကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ပီဆို ၈၆ သန်းကျော်(အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ သန်းခန့်) နှင့် အခြေခံအဆောက်အအုံပိုင်းတွင် ပျက်စီးမှုတန်ဖိုးသည် ပီဆို ၅၃ ဒသမ ၇ သန်း(အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်းခန့်) ဖြစ်ပေါ်ခဲ့ကြောင်း အမျိုးသားသဘောဝဘေးအန္တရာယ် လျော့ပါးရေး နှင့် စီမံခန့်ခွဲမှုကောင်စီက ထည့်သွင်းပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံသည် တိုင်ဖွန်းမုန်တိုင်းများနှင့်အပူပိုင်းမုန်တိုင်းဒဏ်များကို ပုံမှန် ကြုံတွေ့ရလေ့ရှိပြီး လူရာပေါင်းများစွာ သေကြေပျက်စီးကာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဒေါ်လာဘီလီယံပေါင်းများစွာ ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။ (Xinhua)

—————————————————–
( English Version)

Tropical storm Choi-wan leaves Philippines with 9 dead, 1 missing

MANILA, June 5 (Xinhua) — Tropical storm Choi-wan blew away from the Philippines on Saturday after leaving at least nine dead and one missing.

Choi-wan dissipated into a tropical depression after lashing several regions in the Philippines starting Tuesday, the state weather bureau said, adding the tropical depression “is now outside the Philippine area of responsibility.”

The National Disaster Risk Reduction and Management Council said the storm affected nearly 94,000 people in nine regions in the main Luzon Island, the central and southern Philippines.

The storm caused over 86 million pesos (about 1.8 million U.S. dollars) in damage to agriculture and 53.7 million pesos (about 1.1 million U.S. dollars) in damage to infrastructure, the agency added.

Typhoons and tropical storms regularly batter the Philippines, claiming hundreds of lives and cause billions of dollars in damages. Enditem

1. A man looks at a house submerged in floodwaters brought by the heavy rains from typhoon Goni in Albay Province, the Philippines, Nov. 1, 2020. (Str/Xinhua)