မက္ကဆီကိုစီးတီး ၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) ဘာသာပြန် / စိုးမိုး မက္ကဆီကိုနိုင်ငံတွင် ဒီဇင်ဘာ ၂၄ ရက် ၌ COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို စတင်ဆောင်ရွက်ပေးခဲ့ပြီး ပထမ အသုတ်အနေဖြင့် လူပေါင်း ၂,၉၀၀ ကျော် ကို ကာကွယ်ဆေးထိုးပေးမည်...
မက္ကဆီကိုစီးတီး၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် သေဆုံးခဲ့သူများကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်ကြေကွဲဝမ်းနည်းဖွယ်ရာနေ့ ၃ ရက် ကြေညာရန် စီစဉ်ထားကြောင်း သမ္မတ Andres Manuel Lopez Obrador က အောက်တိုဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
မက္ကဆီကိုစီးတီး ၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) မက္ကဆီကိုအမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ် သုတေသီ Clement Ruiz ကလတ်တလောရက်ပိုင်းအတွင်း မက္ကဆီကိုနိုင်ငံ သတင်းစာတစ်ခုဖြစ်သည့် “ဘဏ္ဍာရေးသတင်း” ၌ ဆောင်းပါးတစ်ပုဒ်ရေးသားရာတွင် ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် တရုတ်နိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်မှု အတွေ့အကြုံအားလေ့လာသင်ယူသင့်ကြောင်း ထည့်သွင်းရေးသားခဲ့သည်။
မက္ကဆီကိုစီးတီး ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) မက္ကဆီကိုနိုင်ငံစစ်တပ်က နိုင်ငံအရှေ့တောင်ပိုင်း Chiapas ပြည်နယ်အတွင်းရှိ Palenque မြို့ငယ်လေးတစ်မြို့၏ လေဆိပ်တစ်ခုသို့ ဆင်းသက်လာသော လေယာဉ်တစ်စင်းပေါ်မှ ကိုကင်း ၁ ဒသမ ၃ တန်ကို ဖမ်းဆီးရမိခဲ့ကြောင်း မက္ကဆီကိုနိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၃၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
မက္ကကိုစီးတီး ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ တောင်ပိုင်းရှိ မြို့အများအပြား နှင့် နိုင်ငံအလယ်ပိုင်းရှိ ဒေသအများအပြားတွင် ဇွန် ၂၃ ရက် နံနက်ပိုင်းက ပြင်းအား ၇.၅ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော ငလျင်ကြီးတစ်ခုလှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။
မက္ကဆီကိုစီးတီး ၊ ဧပြီ ၈ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ သမ္မတ အန်းဒရက်စ် မာနျူယယ် လိုပက်ဇ် အိုဘရာဒေါ (Andres Manuel Lopez Obrador) က တရုတ်နိုင်ငံမှ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး အထောက်အပံ့များပေးပို့ခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း နှင့် အထူးသဖြင့် မက္ကဆီကို၌ အမြောက်အမြားလိုအပ်လျက်ရှိသည့်...
မက္ကဆီကိုစီးတီး ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း Chihuahua ပြည်နယ်တွင် ရာဇဝတ်ဂိုဏ်းအုပ်စုများအကြား ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၉ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့ကြောင်း ပြည်နယ်ရှေ့နေချုပ်ရုံးက ဧပြီ ၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
မက္ကဆီကိုစီးတီး၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (2019-nCoV) ပျံ့နှံ့မှု ထိန်းချုပ်ရေး ကြိုးပမ်းအားထုတ်မှုများက အခြားနိုင်ငံများအတွက် ပြင်ဆင်ရန် အလွန်အရေးပါသောအချိန်များ ရရှိစေခဲ့ကြောင်း မက္ကဆီကို ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင်က ပြောကြားခဲ့သည်။
တီဂူစီယာဂါလ်ပါ ၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းနေသည့် မက္ကဆီကိုနိုင်ငံ၌ သောင်တင်နေသော ဟွန်ဒူးရပ်စ်နိုင်ငံသား ရွှေ့ပြောင်းနေထိုင်သူ အနည်းဆုံး ၁,၉၀၀ ဦးကို ယခုရက်သတ္တပတ်အတွင်း မိခင် ဟွန်ဒူးရပ်စ်နိုင်ငံက ပြန်လည်လက်ခံသွားရန် ပြင်ဆင်နေကြောင်း မက္ကဆီကိုနိုင်ငံဆိုင်ရာ ဟွန်ဒူးရပ်စ်သံအမတ်ကြီး ကပြောကြားလိုက်သည်။
မက္ကဆီကိုစီးတီး၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း Zacatecas ပြည်နယ်ရှိ အကျဉ်းထောင်တစ်ခုတွင် ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲပိုင်းက ဆူပူမှုများဖြစ်ပွားခဲ့ရာ အကျဉ်းသား ၁၆ ဦးထက်မနည်းသေဆုံးပြီး အခြားသူ ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာက သတင်းဖော်ပြခဲ့သည်။