Connect with us

WORLD

တရုတ်နိုင်ငံ CanSino ကုမ္ပဏီမှ COVID-19 ကာကွယ်ဆေးအတွက် လိုအပ်သောပစ္စည်းများ ဒုတိယအကြိမ်တင်ပို့မှု မက္ကဆီကိုနိုင်ငံ လက်ခံရရှိ

မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးရှိ မက္ကဆီကိုစီးတီး နိုင်ငံတကာလေဆိပ်တွင် COVID-19 ထုတ်လုပ်ရန် လိုအပ်သောပစ္စည်းများပါဝင်သည့် ကွန်တိန်နာတစ်လုံးကို ဖေဖော်ဝါရီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကိုစီးတီး၊ မတ် ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဇီဝဆေးဝါးလုပ်ငန်းကုမ္ပဏီ CanSino Biologics မှ COVID-19 ကာကွယ်ဆေးထုတ်လုပ်ရန် လိုအပ်သောပစ္စည်း ဒုတိယအကြိမ်တင်ပို့မှုကို မက္ကဆီကိုနိုင်ငံက မတ် ၁၁ ရက်တွင် လက်ခံရရှိခဲ့ကြောင်း မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး Marcelo Ebrard က ပြောခဲ့သည်။

အဆိုပါ ပစ္စည်းများတင်ဆောင်လာသော လေယာဉ်သည် မက္ကဆီကိုစီးတီးရှိ နိုင်ငံတကာလေဆိပ်သို့ မတ် ၁၁ ရက် အစောပိုင်းက ရောက်ရှိလာခဲ့ကြောင်း ဝန်ကြီးက ပြောသည်။

၎င်းကုန်ပစ္စည်းများကို နောက်ပိုင်းတွင် အသုံးပြုနိုင်ရေးအတွက် ထုပ်ပိုးသွားမည့်နိုင်ငံအလယ်ပိုင်း Queretaro ပြည်နယ်ရှိ ဓာတ်ခွဲခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဝန်ကြီးက ဆိုသည်။

CanSino ၏ ကာကွယ်ဆေးသည် တစ်ကြိမ်သာထိုးနှံရသည့် ကာကွယ်ဆေးဖြစ်သောကြောင့် ၎င်းဆေးဖြင့် ကာကွယ်ဆေးထိုးနှံရန် မက္ကဆီကို အစိုးရက ကြိုးပမ်းလျက်ရှိခြင်းဖြစ်ကြောင်း ကာကွယ်ဆေးရောက်ရှိမှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ၌ Ebrard က ပြောခဲ့သည်။

မက္ကဆီကိုနိုင်ငံသည် CanSino ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှု အဆင့်သုံး၌ ပါဝင်ခဲ့ပြီးနောက်တွင် ယင်းကာကွယ်ဆေးအား မက္ကဆီကို၌ ထုတ်လုပ်ရန် နှစ်နိုင်ငံ သဘာတူညီမှုရရှိခဲ့ကြောင်း Ebrard က ပြောခဲ့သည်။

ယင်းကုန်ပစ္စည်း ပထမအကြိမ်တင်ပို့မှုသည် ဖေဖော်ဝါရီလက ရောက်ရှိခဲ့ကာ ထုပ်ပိုးမှုများဆောင်ရွက်ပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မက္ကဆီကိုမှာ ပြုလုပ်တဲ့ တတိယအဆင့် လက်တွေ့စမ်းသပ်မှုမှာ စေတနာ့ဝန်ထမ်းပေါင်း ၁၅,၀၀၀ ပါဝင်ပြီး ကျွန်တော်တို့ နိုင်ငံအတွင်း ဆောင်ရွက်သမျှထဲမှာ အကြီးမားဆုံးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သမ္မတကလည်း ဒီကာကွယ်ဆေးရဲ့ လုပ်ဆောင်ပုံက ကျွန်တော်တို့ရဲ့မျိုးဗီဇတွေ၊ ကျွန်တော်တို့ရဲ့လူမျိုးတွေမှာ ဘယ်လိုရှိတယ်ဆိုတာ သိချင်တာကြောင့်ဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

မက္ကဆီကိုနှင့် တရုတ် နိုင်ငံတို့သည် ကပ်ရောဂါတိုက်ဖျက်ရေးတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာလျက်ရှိကြောင်း မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးဌာနကက တွစ်တာပေါ်၌ ထည့်သွင်းဖော်ပြခဲ့သည်။

မက္ကဆီကိုနိုင်ငံတွင် ဒီဇင်ဘာလမှစတင်၍ ကာကွယ်ဆေးထိုးနှံခြင်းကမ်ပိန်းကို အဆင့်လိုက်ဆောင်ရွက်လျက်ရှိပြီး COVID-19 ရောဂါကူးစက်မှု အတည်ပြုလူနာ ၂.၁ သန်းကျော်နှင့် သေဆုံးသူ ၁၉၂,၀၀၀ ဦးရှိကြောင်း သိရသည်။ (Xinhua)
————————————-
(English Version)
Mexico gets second shipment of active substance of COVID-19 vaccine from Chinese firm CanSino
2021-03-12 13:28:18
MEXICO CITY, March 11 (Xinhua) — Mexico on Thursday received a second shipment of the active substance needed to make COVID-19 vaccines from Chinese biopharmaceutical company CanSino Biologics, Mexican Foreign Minister Marcelo Ebrard said.
The minister said that the flight carrying the material landed early Thursday at Mexico City’s international airport.
The cargo was to be transported to a laboratory in the central state of Queretaro, where it would be packaged for future application, the minister said.
The Mexican government sought CanSino’s vaccine for its immunization drive because it is a single-dose vaccine, Ebrard said as he announced the arrival of the shipment during a press conference.
Mexico participated in phase 3 clinical trials of the CanSino vaccine, after which the two sides agreed to manufacture it in Mexico, said Ebrard.
The first shipment of the active substance arrived in February and is already being packaged, he said.
“There was a phase 3 in Mexico with 15,000 people (volunteers), the largest we have carried out in our country, because the president of the republic wanted to know how this vaccine works on our genetics, on our population,” he added.
The Mexican Foreign Affairs Ministry highlighted in a message on Twitter that Mexico and China have strengthened bilateral cooperation against the pandemic.
Mexico, which rolled out its vaccination campaign in December in phases, has reported more than 2.1 million confirmed cases of COVID-19 infection and 192,000 related deaths. Enditem
A container of the active substance needed to make a COVID-19 vaccine is seen at the Mexico City International Airport in Mexico City, Mexico, Feb. 11, 2021. The first shipment of the active substance needed to make a COVID-19 vaccine developed by Chinese pharmaceutical firm CanSino Biologics arrived here on Thursday by air, Mexico’s Foreign Affairs Ministry announced. (Xinhua)