Connect with us

Latin America

မက္ကဆီကို နိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်တွင် COVID-19 ကြောင့် အသေးစား စီးပွားရေးလုပ်ငန်း တစ်သန်းကျော် ပိတ်သိမ်း

မက္ကဆီကိုနိုင်ငံ၌ နှာခေါင်းစည်း တပ်ဆင်သွားလာသူများအား ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း တွေ့ရစဉ်(ဆင်ဟွာ)

မက္ကဆီကိုစီးတီး ၊ မတ် ၂၃ ရက်(ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ၌ ပြီးခဲ့သော ၂၀၂၀ ပြည့်နှစ်တွင် COVID-19 ကပ်ရောဂါကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSMEs) တစ်သန်းကျော် ပိတ်သိမ်းခဲ့ကြောင်း ၊ အခြားဖွင့်ထားသောလုပ်ငန်းများသည်လည်း တစ်စိတ်တစ်ပိုင်းသာ လုပ်ကိုင်ဆောင်ရွက်နေမှုများလည်း များစွာရှိနေကြောင်း အမျိုးသား စာရင်းအင်းနှင့် ပထဝီဌာန(INEGI) ၏ မတ် ၂၂ ရက်တွင် ထုတ်ပြန်မှုအရ သိရသည်။

ကပ်ရောဂါ၏ အကျိုးဆက်အဖြစ် ပြီးခဲ့သောနှစ်တွင် စီးပွားရေးလုပ်ငန်း ၁,၀၁၀,၈၅၇ ခုအား အပြီးတိုင် ပိတ်သိမ်းခဲ့ရပြီး နိုင်ငံ့စီးပွားရေးလုပ်ငန်းစု၏ စုစုပေါင်း ၂၀ ဒသမ ၈ ရာခိုင်နှုန်း ရှိကြောင်း စီးပွားရေးအရေအတွက်ဆိုင်ရာ လေ့လာမှု ၂၀၂၀ ၏ ဒုတိယအကြိမ်ရလဒ်ထုတ်ပြန်ချက်အရ သိရသည်။

သို့သော် ၂၀၂၀ ပြည့်နှစ် ကာလအတွင်း စီးပွားရေး လုပ်ငန်း ၆၁၉,၄၄၃ ခုမှာ ဖြစ်ပေါ်လာပြီး လုပ်ငန်း စုစုပေါင်း၏ ၁၂ ဒသမ ၈ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
အမျိုးသား စာရင်းအင်းလော့လာမှု နှင့် ပထဝီဝင်ဌာန(INEGI)က လုံးဝပိတ်သိမ်းခဲ့သည့် ပုံမှန်လည်ပတ်ခြင်းမရှိသော လုပ်ငန်းများ၏ စုစုပေါင်းအရေအတွက်တွင် ၁၀ ရာခိုင်နှုန်းသည် ပုဂ္ဂလိက ဘဏ္ဍာရေးမဟုတ်သော ဝန်ဆောင်မှုလုပ်ငန်းများ ပါဝင်ပြီး ၉ ဒသမ ၅ ရာခိုင်နှုန်းသည် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ ပါဝင်ကြောင်း ဖော်ပြခဲ့သည်။

ဘရာဇီးနိုင်ငံပြီးနောက် လက်တင်အမေရိကတွင် ဒုတိယအကြီးဆုံး မက္ကဆီကို နိုင်ငံ စီးပွားရေးသည် COVID-19 ကပ်ရောဂါအကျိုးဆက်ကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ၈ ဒသမ ၁ ရာခိုင်နှုန်း ထိုးကျခဲ့ပြီး ၁၉၃၀ ခုနှစ်မှ စ၍ အဆိုးဆုံးမှတ်တမ်းဝင်သွားခဲ့ကြောင်း သိရသည်။ (Xinhua)
——————————————
(English Version)

Over 1 mln small businesses in Mexico close in 2020 due to COVID-19

MEXICO CITY, March 22 (Xinhua) — More than 1 million micro, small and medium-sized enterprises (MSMEs) closed last year in Mexico due to the COVID-19 pandemic, a loss that was partially offset by other openings, the National Institute of Statistics and Geography (INEGI) reported on Monday.
According to the second set of results from the Business Demographics Study 2020, last year 1,010,857 businesses closed completely, 20.8 percent of the country’s total, as a result of the pandemic.

The autonomous body indicated, however, that in the referenced period, 619,443 businesses were also created, 12.8 percent of the total.
INEGI indicated that of the total number of enterprises in the informal sphere that permanently closed, 10 percent were engaged in private non-financial service activities and 9.5 percent were engaged in commerce.

The Mexican economy, the second largest in Latin America after Brazil, plummeted 8.2 percent in 2020, its worst record since the 1930s, as a result of the COVID-19 pandemic. Enditem