Connect with us

North America

မက္ကဆီကိုနိုင်ငံက တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေး တတိယအသုတ် လက်ခံရရှိ

မက္ကစီကိုစီးတီးရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အလုပ်သမားတစ်ဦးက တရုတ်နိုင်ငံမှ တတိယအသုတ် တင်ပို့ခဲ့သည့် ကာကွယ်ဆေးများအား သယ်ဆောင်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

မက္ကဆီကို ၊ မတ် ၁၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဆေးဝါးကုမ္ပဏီ ဖြစ်သည့် Sinovac မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး တတိယအသုတ်သည် မက္ကဆီကိုနိုင်ငံ မက္ကစီကိုစီးတီး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မတ် ၁၃ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထိုသို့ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများ ထပ်မံရောက်ရှိလာခြင်းသည် မက္ကဆီကို နိုင်ငံ နှင့် တရုတ်နိုင်ငံ အကြား နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှု နှင့် ခိုင်မာသည့် ဆက်ဆံရေး ၏ အရေးပါမှုကို ဖော်ညွှန်းခြင်းဖြစ် ကြောင်း မက္ကဆီကို နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Martha Delgado က ပြောကြားခဲ့သည်။

“ နိုင်ငံခြားရေးဝန်ကြီး Marcelo (Ebrard) က ပြောခဲ့ဖူးတာရှိပါတယ်။ မက္ကဆီကိုနိုင်ငံအနေနဲ့ တရုတ်နိုင်ငံဆီက ကာကွယ်ဆေးတွေ လက်ခံရရှိခဲ့တဲ့အခါတိုင်း တရုတ်နိုင်ငံနဲ့ မက္ကဆီကိုနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Zhu Qingqiao ဆီက ရရှိတဲ့ စည်းလုံးညီညွတ်မှု စိတ်ခွန်အားကို ဘယ်တော့မှ မမေ့ဘူးဆိုတာပေါ့ ” ဟု ၎င်းက ဆိုသည်။

မက္ကဆီကိုနိုင်ငံ ပြည်ထောင်စုကော်မရှင် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအဖွဲ့ထံမှ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး အရေးပေါ်သုံးစွဲရန် ခွင့်ပြုချက်ရရှိခဲ့ပြီးနောက် ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံ၏ Sinovac ကာကွယ်ဆေးပထမသုတ်သည် မက္ကဆီကိုနိုင်ငံသို့ရောက်ရှိလာခဲ့သည်။

မက္ကဆီကိုနိုင်ငံ အစိုးရသည် ဒီဇင်ဘာလတွင် ကာကွယ်ဆေး စတင် ထိုးနှံမှု အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း အဖြစ် နိုင်ငံအတွင်းရှိ ဆင်းရဲနွမ်းပါးသော ဒေသများရှိ အသက်အရွယ်ကြီးရင့်သူများအား ကာကွယ်ဆေး စတင် ထိုးနှံခဲ့ပေးကြောင်း သိရသည်။ မက္ကဆီကို နိုင်ငံ၌ မတ် ၁၃ ရက်အထိ COVID-19 ရောဂါ ဖြစ်ပွားသူ ၂ ဒသမ ၁ သန်းကျော် နှင့် သေဆုံးသူ ၁၉၃,၈၅၁ ဦး ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Mexico receives third shipment of Chinese-made COVID-19 vaccines

MEXICO CITY, March 13 (Xinhua) — The third shipment of the COVID-19 vaccine from the Chinese pharmaceutical company Sinovac arrived Saturday at the Mexico City International Airport.

The arrival of the new batch of Chinese-made vaccines was an important indicator of the close cooperation and strengthening ties between Mexico and China, said Mexican Deputy Foreign Minister for Multilateral Affairs Martha Delgado.

“Foreign Minister (Marcelo) Ebrard has said, every time we receive the doses of vaccines from China, that Mexico will never forget the gesture of solidarity that we have received from China and its ambassador to Mexico, Zhu Qingqiao,” she said.

The first batch of Sinovac vaccines arrived in Mexico in February after the country’s Federal Commission for Protection Against Sanitary Risks authorized its emergency use against the coronavirus.

The Mexican government has inoculated older adults in poor areas of the country as part of its vaccination campaign that began in December.
As of Saturday, Mexico has reported more than 2.1 million cases and 193,851 deaths from COVID-19.