မာပူတို၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) မိုဇမ်ဘစ်နိုင်ငံ အလယ်ပိုင်းနှင့် နယ်စပ် ဇင်ဘာဘွေနိုင်ငံတို့တွင် ဒီဇင်ဘာလ ၂၂ ရက်က အင်အား ၅.၅ မဂ္ဂနီကျုရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာဝဘေး သတိပေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုစနစ်၏ ဝက်ဘ်ဆိုက်သတင်းအရ သိရသည်။
မာပူတို၊ မတ် ၂၅ ရက် (ဆင်ဟွာ) မိုဇမ်ဘစ်နိုင်ငံ မြောက်ဘက်စွန်း Cabo Delgado ပြည်နယ် Mocimboa da Praia ဆိပ်ကမ်းမြို့တွင် ဆူပူအုံကြွသူများနှင့် ဆက်သွယ်မှုရှိကြောင်း စွပ်စွဲခံရသူ ၂၉ ဦးအား မတ်လ ၂၄ ရက်က နမ်ပူလာပြည်နယ် ရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်ကြောင်း သိရသည်။
ကမ်ဘာရာ ၊ ဧပြီ ၂ဝ ရက် ( ဆင်ဟွာ ) မိုဇမ်ဘစ်နိုင်ငံ ကမ်းခြေတွင် ရှာဖွေတွေ့ရှိခဲ့သော လေယာဉ်ပျက် အပိုင်းအစများသည် ပျောက်ဆုံးနေသော မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်အမှတ် MH370 လေယာဉ်၏ အပိုင်းအစများ ဖြစ်သည်ဟု နည်းပညာပိုင်း ဆိုင်ရာ စုံစမ်း စစ်ဆေးမှု ပြုလုပ်ပြီးနောက်...