Connect with us

Africa & Middle East

ဇင်ဘာဘွေနိုင်ငံနှင့် မိုဇမ်ဘစ်နိုင်ငံတို့တွင် အင်အား ၅.၅ ရှိသော ငလျင်လှုပ်ခတ်

ငလျင်ကြိမ်နှုန်း တိုင်းတာမှုပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မာပူတို၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

မိုဇမ်ဘစ်နိုင်ငံ အလယ်ပိုင်းနှင့် နယ်စပ် ဇင်ဘာဘွေနိုင်ငံတို့တွင် ဒီဇင်ဘာလ ၂၂ ရက်က အင်အား ၅.၅ မဂ္ဂနီကျုရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာဝဘေး သတိပေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုစနစ်၏ ဝက်ဘ်ဆိုက်သတင်းအရ သိရသည်။

ထိုငလျင်မှာ ဂရင်းနစ်စံတော်ချိန် ၀၅း၀၇ နာရီက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိုဇမ်ဘစ်နိုင်ငံ မနီကာပြည်နယ်နှင့် ဇင်ဘာဘွေနိုင်ငံ မနီကာလန်ပြည်နယ်တို့တွင် အဓိကခံစားခဲ့ရကြောင်း သတင်း၌ ဖော်ပြထားသည်။

အဆိုပါ ငလျင်ပြင်းအားနှင့် ငလျင်ဒဏ်ခံရမှုအပေါ် အခြေခံ၍ ဒေသနေပြည်သူများအပေါ် သက်ရောက်မှု အလယ်အလတ်ရှိမည်ဟု မျှော်လင့်ရသည်။

အမေရိကန် ဘူမိဗေဒလုပ်ငန်း၏ ဖော်ပြချက်အရ ယင်းငလျင်မှာ မြေအောက်အနက် ၇.၆ ကီလိုမီတာ (၄.၇ မိုင်) ရှိသဖြင့် အနက်အလွန်တိမ်သောကြောင့် လူဦးရေ ၂၁ သန်းကျော် ငလျင်ဒဏ်ခံစားရနိုင်ကြောင်း သိရသည်။

လက်ရှိတွင်မူ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု သို့မဟုတ် လူသေဆုံးမှု သတင်းများဖော်ပြထားခြင်းမရှိပေ။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117