Connect with us

Australia / Oceania

မိုဇမ်ဘစ်တွင် တွေ့ရှိခဲ့သော အပိုင်းအစများမှာ MH370 လေယာဉ် အစိတ်အပိုင်း ဖြစ်ကြောင်း အတည်ပြု

မိုဇမ်ဘစ် ကမ်းခြေတွင် ရှာဖွေတွေ့ရှိခဲ့သော လေယာဉ်အပိုင်းအစ အား တွေ့ရစဉ် (ဆင်ဟွာ)

ကမ်ဘာရာ ၊ ဧပြီ ၂ဝ ရက် ( ဆင်ဟွာ )

မိုဇမ်ဘစ်နိုင်ငံ ကမ်းခြေတွင် ရှာဖွေတွေ့ရှိခဲ့သော လေယာဉ်ပျက် အပိုင်းအစများသည် ပျောက်ဆုံးနေသော မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်အမှတ် MH370 လေယာဉ်၏ အပိုင်းအစများ ဖြစ်သည်ဟု နည်းပညာပိုင်း ဆိုင်ရာ စုံစမ်း စစ်ဆေးမှု ပြုလုပ်ပြီးနောက် သြစတြေးလျပို့ဆောင်ရေးဗြူရို ( ATSB ) က ဧပြီလ ၂၀ ရက်တွင် အတည်ပြု ပြောကြားသည်။

မလေးရှား လေကြောင်းလိုင်းတွင် အသုံးပြုနေသော လျှို့ဝှက် နံပါတ်များသည် ဘိုးရင်း ကုမ္ပဏီက လေယာဉ် ပေးပို့လာစဉ် အသုံးပြုခဲ့သော လျှို ့ဝှက်နံပတ် နှင့် ကိုက်ညီ နေသည်ကို တွေ့ရကြောင်း သြစတြေးလျ ပို့ဆောင်ရေးဝန်ကြီး Darren Chester ကဆိုသည်။ ထို့ပြင် ယခု ရှာဖွေ တွေ့ရှိထားသော လေယာဉ် အလျားလိုက် တည်ငြိမ်မှု ထိန်းချုပ်ရေး အပိုင်းအစ နှင့် တောင်ပံ အကျိုးအပျက် အပိုင်းစ ၂ ခု စလုံးသည် ၂ဝ၁၄ ခုနှစ် မတ်လ ၈ ရက်တွင် ပျောက်ဆုံးသွားသော ဘိုးရင်း ၇၇၇ လေယာဉ်ကြီး၏ အစိတ်အပိုင်းများ ဖြစ်သည်ဟု ဝန်ကြီးက ဆိုသည်။

အဆိုပါ အစိတ်အပိုင်း နှစ်ခုစလုံးကို ပုံတူ ကူးယူပြီး သက်သေ အထောက်အထား ခိုင်လုံမှု ရှိစေရန် လိုအပ်သော စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ၊ အရှေ့မျက်နှာစာ ဖက်အခြမ်း နှင့် အရောင်ဖော်ပြချက်များ အရ မလေးရှား လေကြောင်းလိုင်းမှ ပျက်ကျသွားသော လေယာဉ် အပိုင်းအစများ ဖြစ်သည်ကို အတည်ပြုနိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့ပြင် ဒုတိယ အပိုင်းအစအား ဖယောင်းစက္ကူ ပုံတူ ကူးယူရာတွင် မလေးရှား လေကြောင်းလိုင်းက အသုံးပြုခဲ့သော No Step စာသားကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

သြစတြေးလျ ပို့ဆောင်ရေး ဝန်ကြီးက ပျောက်ဆုံးနေသော လေယာဉ်ကြီးကို နောက်ဆုံးအဆင့် အနေဖြင့် ရေပြင် အကျယ် ၂ဝ,ဝဝဝ စတုရန်း ကီလိုမီတာ အတွင်း ရှာဖွေ မှုများ ဆက်လက်လုပ် ဆောင်သွားမည်ဟု ဆိုသည်။ ခရီးသည် ၂၃၉ ဦးလိုက်ပါစီးနင်းလာသော အဆိုပါ MH370 လေယာဉ်ကြီးသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ တရုတ်နိုင်ငံ ပေကျင်းမြို့သို့ဦးတည် ပျံသန်းလာစဉ် ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။ ( Xinhua )


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117