ရန်ကုန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၌ ငွေကျပ်သိန်း ၁၀၀၀၀ တန်ဖိုးရှိ အိုက်စ်များအား အောက်တိုဘာ ၁၉ ရက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ(CCDAC Myanmar)က ယနေ့ ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) စက်တင်ဘာ ၁၃ ရက် နံနက် ၅ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့အဝင်၌ တရားမဝင်ကုန်ပစ္စည်းများ စစ်ဆေးရန်ထားရှိသည့် Mobile X-Ray စက်နေရာကို ရှောင်ကွင်းနိုင်သည့်နေရာများအား ပိတ်ဆို့စစ်ဆေးစဉ်အတွင်း ကျပ်သိန်း ၇,၉၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ သယ်ဆောင်လာသော...
ရန်ကုန် ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ပမာဏများပြားသော မူးယစ်ဆေးဝါးများ အသီးသီး ဖမ်းဆီးရမိခဲ့ပြီး ပစ်ခတ်ဖမ်းဆီးရသည့် အခြေအနေများလည်း ရှိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) က သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ) မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနစတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန် ၂၆ ရက်မှ ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၈ ရက်အထိစုံစမ်းဖော်ထုတ်ချက်များအရအမှုပေါင်း ၁,၂၇၉ မှုဖွင့်လှစ်အရေးယူခဲ့ပြီးတရားခံစုစုပေါင်း ၁,၉၆၈ ဦးဖမ်းဆီးရမိခဲ့ကြောင်းနိုင်ငံတော် သမ္မတရုံးကသတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း ပန်ကူ(အခါ)ကျေးရွာအနီး လူနေထိုင်ခြင်းမရှိသည့် အဆောက်အဦအတွင်းမှ လက်နက်၊ ခဲယမ်းနှင့် ငွေ ကျပ် ၆ ဒသမ ၃ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ ဇွန် ၂၉ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ရေပူစမ်းကျေးရွာ အနောက် မြောက်ဘက် မီတာ ၄,၀၀၀ ခန့်အကွာတွင် ငွေကျပ် ၂၆ ဒသမ ၉ ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်၊ ခဲယမ်းများအား ယနေ့ နံနက်ပိုင်းတွင် တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်သတင်းမှန်...
ရန်ကုန် ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) ယခု ၂၀၂၀ ပြည့်နှစ်တွင် ရန်ကုန် ၊ မန္တလေး ၊ တောင်ကြီး ၊ လားရှိုး နှင့် ကွတ်ခိုင်မြို့ ၅ မြို့၌ ၃၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု နှင့် တရားမဝင်...
ပေကျင်း၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ခိုင်မြဲသောရပ်တည်ချက်နှင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးတွင် တိုးတက်မှုအသစ်ဖော်ဆောင်ရန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ ပြည်သူများ၏ တိုက်ပွဲကို ဆက်လက်လုပ်ဆောင်ရေး ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ရန်ကုန် ၊ ဇွန် ၁ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ် လွိုင်လင်မြို့ နှင့် ကလောမြို့များတွင် စုစုပေါင်း ငွေကျပ် ၇၈.၇၂၅ ဘီလီယံ တန်ဖိုးရှိ ICE (မက်သာအဖက်တမင်း)များ အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးအလွဲသုံးစွဲမှု တိုက်ဖျက်ရေး ဗဟိုကော်မတီ (CCDAC)မှ မေ ၃၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ မတ် ၉ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ် ရွာငံမြို့နယ်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ မတ် ၈ ရက်တွင် တားဆီးနှိမ်နင်းရေး လုပ်ငန်းများဆောင်ရွက်စဉ် ငွေကျပ် ၆၀,၁၈၀ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ခဲ့ကြောင်း မူးယစ်ဆေးအလွဲသုံးစွဲမှု တိုက်ဖျက်ရေး ဗဟိုကော်မတီ (CCDAC)ထံမှ သိရသည်။