ရန်ကုန်၊ မေ ၂၇ ရက် (ဆင်ဟွာ) မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ပရီကာဆာ ဓာတုပစ္စည်းများမှာ တရားမဝင်နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်လာမှုများကြောင့် ဒေသတွင်း လူလုပ်ဆေးဝါး (Synthetic Drugs) ထုတ်လုပ်မှုများ ဆက်လက်မြင့်မားလျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးပြဿနာအား ဖြေရှင်းနိုင်ရန်မှာ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အဓိက မရှိမဖြစ်လိုအပ်သည့် ပရီကာဆာ ဓာတုပစ္စည်းထိန်းချုပ်ရေးကို ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း မြန်မာနိုင်ငံ...
ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် မလေးရှားနိုင်ငံသို့သယ်ဆောင်မည့် ငွေကျပ် ၆ဒသမ၂ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး အလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ(CCDAC Myanmar ) က မေ ၁၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဖနွမ်းပင်၊ မတ် ၁၂ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သည် အမေရိကန်နိုင်ငံသားအမျိုးသားတစ်ဦးနှင့် ၎င်းနှင့်အတူကြံရာပါဖြစ်သော ကမ္ဘောဒီးယား နိုင်ငံသားတစ်ဦးကို မူးယစ်ဆေးဝါး ၄၃ ကီလိုဂရမ်နီးပါး တရားမဝင်ရောင်းဝယ်ဖောက်ကားမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း အမျိုးသား ရဲတပ်ဖွဲ့က မတ် ၁၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ငွေကျပ် ၂ ဒသမ ၂၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) မှ နိုဝင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာကားဝင်းအတွင်း ငွေကျပ် သိန်း ၉,၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့ပြီး ယင်းအမှုအား ကွင်းဆက်စုံစမ်းစစ်ဆေးရာမှ ဆက်စပ်သူ စုစုပေါင်း ၅ ဦးအားဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) က...
ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ၁၆ မိုင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ငွေကျပ် ၆ဒဿမ ၅ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိခဲ့ကြောင်းမြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) က ဒီဇင်ဘာ ၂၆ ရက်တွင်...
မက္ကဆီကိုစီးတီး ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) မက္ကဆီကိုနိုင်ငံစစ်တပ်က နိုင်ငံအရှေ့တောင်ပိုင်း Chiapas ပြည်နယ်အတွင်းရှိ Palenque မြို့ငယ်လေးတစ်မြို့၏ လေဆိပ်တစ်ခုသို့ ဆင်းသက်လာသော လေယာဉ်တစ်စင်းပေါ်မှ ကိုကင်း ၁ ဒသမ ၃ တန်ကို ဖမ်းဆီးရမိခဲ့ကြောင်း မက္ကဆီကိုနိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၃၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်တရားခံများအား ငွေကျပ်သိန်း ၉,၈၅၇ ဒသမ ၁ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးအလွဲသုံးစွဲမှုထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) က သြဂုတ် ၁ ရက်တွင် ထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်၌ ငွေကျပ်သိန်းပေါင်း ၂၃,၈၅၄ တန်ဖိုးရှိ ဘိန်းဖြူများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီး ရမိခဲ့ကြောင်း မူးယစ်ဆေးအလွဲသုံးစွဲမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC) က ဇူလိုင် ၉ ရက်တွင် သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်တွင် ကျပ်သိန်းပေါင်း ၁၆,၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးအလွဲသုံးစွဲမှုထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC) က ဇွန် ၅ ရက်တွင် သတင်းထုတ်ပြန်သည်။