Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ငွေကျပ် ၂.၂၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရန်ကုန်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ငွေကျပ် ၂ ဒသမ ၂၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) မှ နိုဝင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်၊ ဘုရင့်နောင်လမ်းတွင် အောင်ကျော်မင်း(ခ)အန်းဒြူး (၃၃)နှစ် မောင်းနှင်ပြီး စိုင်းဦးမောင်(ခ)စိုင်းမောင်(၁၉)နှစ် လိုက်ပါလာသော FUSO အမျိုးအစား ၆ ဘီးယာဉ်အား သတင်းအရရှာဖွေခဲ့ကြောင်းသိရသည်။

ယင်းသို့ရှာဖွေရာ မော်တော်ယာဉ်အတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၂.၂၁ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၁၂ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၄ သိန်း တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ ၂ ဦးအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း CCDAC MYANMAR ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)