ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ နယ်မြေအချို့၌ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိသဖြင့် ရွေးကောက်ပွဲများကျင်းပခြင်းပြုမည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက်တွင် ကြေညာချက်(၆)စောင်ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ယခုအချိန်တွင် ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးများအား ပုံစံအမျိုးမျိုးဖြင့် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်း၊ အသွင်အမျိုးမျိုးဖြင့် ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြု၍ စည်းရုံးခြင်း၊ ဆူပူမှုဖြစ်အောင် ဖန်တီးခြင်း၊ ရပ်ရွာအေးချမ်းသာယာရေးပျက်ပြားအောင် ကြံဆောင်ခြင်း စသည့်တရားမဲ့ပြုကျင့်မှုများအား တွေ့ရှိရကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်...
ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စု စိတ်ဓာတ်စစ်စစ်ဖြင့် တိုင်းပြည်ကောင်းအောင် စေတနာထားလုပ်ဆောင်မည့်၊ ဥပဒေကိုစိတ်ဝင်စားအလေးထားသည့် ကိုယ်စားလှယ်ကောင်းများရရှိရေးကို ဂရုတစိုက်စိစစ်ရွေးချယ်သွားရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း (၅)နှစ်ပြည့်နှစ်ပတ်လည်နေ့တွင် ပေးပို့သည့်သဝဏ်လွှာ၌ ထည့်သွင်းပြောကြားခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနက် အသက် ၆၀ နှစ် နှင့်အထက်ရှိသူ မဲဆန္ဒရှင်များအနေဖြင့် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အသိပေးထုတ်ပြန်ကြေညာခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း အောက်တိုဘာ ၉ ရက်အထိ ကြိုတင်မဲပေးရန် စာရင်းပေးထားသူ ၁၄,၀၀၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးတင်မောင်အေးက ဆင်ဟွာသို့ အောက်တိုဘာ ၁၀ ရက်တွင်ပြောသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံးရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲ ၄၀,၀၀၀ ကျော်အား COVID-19 ရောဂါပိုးရှိ/မရှိ Swab ယူစစ်ဆေးပေးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီးတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတ စကားစစ်ထိုးပွဲကော်မတီက အောက်တိုဘာ ၁၅ ရက်တွင်ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် သမ္မတရွေးကောက်ခံကိုယ်စားလှယ်လောင်း ဒုတိယအကြိမ် စကားစစ်ထိုးပွဲအားပယ်ဖျက်လိုက်ပြီး ကော်မတီအနေဖြင့် ယခုလ ၂၂ ရက်တွင်ကျင်းပပြုလုပ်မည့် နောက်ဆုံးအကြိမ်စကားစစ်ထိုးပွဲအပေါ် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၉ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) COVID-19 ရောဂါကူးစက်နေသူ Coronavirus Disease 2019 များသည်ဟုဆိုကာ သတ်မှတ်ထားသည့် Stay at Home မြို့နယ်များတွင် အသက် ၆၀ ကျော်များ ကြိုတင်မဲပေးနိုင်မည့် အစီအစဉ်အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တင်ပြထားကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် ကောင်းကျိုးနှစ်ခုရှိကြောင်း COVID-19...
ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံအေးချမ်းစွာ မဲပေးနိုင်ရေးအတွက် အထူးရဲ ၄၀,၀၀၀ကျော်အား တစ်လကြာ သင်တန်းများစတင်ပို့ချနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီးတစ်ဦးက ဆင်ဟွာသို့ ယနေ့ (အောက်တိုဘာ ၂ ရက်)တွင် ပြောကြားသည်။
ရန်ကုန် ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) ထပ်မံစိစစ်ပြုစုထားသည့် မဲဆန္ဒရှင် စာရင်းများကို အောက်တိုဘာလ ၁ ရက်မှ ၁၄ ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် နောက်ဆုံးအကြိမ်အဖြစ် ၁၄ ရက်ကြာ ထပ်မံကပ်ထားကြေညာပေးမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ ထုတ်ပြန်ခဲ့သည်။