Connect with us

North America

ဝါရှင်တန်ပြည်နယ် အုပ်ချုပ်ရေးမှူးက ဆန္ဒမဲများဆက်လက်ရေတွက်ရန် ထောက်ခံကြောင်းပြောကြား

အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်အုပ်ချုပ်ရေးမှူး Jay Inslee အား ၂၀၁၅ ခုနှစ် ဇွန် ၁၈ ရက်ကတွေ့ရစဉ်(Xinhua/He Xianfeng)

ဆန်ဖရန်စစ္စကို ၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်အုပ်ချုပ်ရေးမှူး Jay Inslee က သမ္မတရွေးကောက်ပွဲအတွက် တရားဝင်ထည့်ထားသော မည်သည့်ဆန္ဒမဲကိုမဆို ဆက်လက်ရေတွက်သင့်ကြောင်း (အမေရိကန်ဒေသစံတော်ချိန်) နိုဝင်ဘာ ၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

“ ရွေးကောက်ပွဲညမှာ သမ္မတနေရာအတွက် ဘယ်သူအနိုင်ရလဲဆိုတာကို ကျွန်တော်တို့မသိနိုင်ဖို့က အမြဲတမ်းဖြစ်နိုင်ချေရှိပါတယ် ၊ COVID-19 ကပ်ရောဂါကြောင့် အမေရိကန်နိုင်ငံသားများစွာဟာ ဒီနှစ်မှာ ကြိုတင်မဲ နဲ့အဝေးရောက် စာတိုက်မဲတွေကို ယခင်ရွေးကောက်ပွဲတွေကထက်ပိုပြီး ထည့်ဝင်ခဲ့ကြတာပါ ၊ အဲဒီဆန္ဒမဲတွေဟာ မှန်မှန်ကန်ကန်ထည့်ဝင်ထားလို့ တရားဝင်မဲတွေဖြစ်ပါတယ်။ အကယ်၍ အချိန်ယူပြီးရေတွက်ရ ရင်တောင်မှ အဲဒီမဲတွေကို မဖြစ်မနေ ရေတွက်ရမှာပါ ” ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

အမေရိကန်ရွေးကောက်ပွဲအတွက် ဆန္ဒမဲပုံတစ်ခုအားတွေ့ရစဉ်(ဆင်ဟွာ)

“ အမေရိကန်ပြည်သူတွေရဲ့အသံကို သိရဖို့အတွက် စောင့်ရတာဟာ ထိုက်တန်ပါတယ် ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ Inslee က ဝါရှင်တန် ပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲအရာရှိများသည် တိကျမှန်ကန်သောရွေးကောက်ပွဲတစ်ခုဖြစ်စေရန် မနားမနေကြိုးပမ်းလုပ်ဆောင်နေကြကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

“ ကျွန်တော်တို့သိတာက မဲစာရွက်တိုင်းကို စာရင်းရှိကိုက်ညီတဲ့အထိ ဆက်လက်ရေတွက်သွားရမယ်ဆိုတာကိုပဲ ၊ ဒါဟာ ရွေးကောက်ပွဲတွေ အမြဲတမ်း ဘယ်လိုလုပ်သလဲဆိုတာ နဲ့ သူ့ရဲ့လုပ်ငန်းစဉ်တွေကို လေးစားလိုက်နာဖို့ပဲ ဖြစ်ပါတယ် ” ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။ ထို့ပြင် တစ်နိုင်ငံလုံးရှိရွေးကောက်ပွဲဝန်ထမ်းများအနေဖြင့် မဲဆန္ဒရှင်များ၏ ဆန္ဒကို ကာကွယ်ရန် နှင့် ရပ်တည်ပေးရန် လည်း ၎င်းက တောင်းဆိုခဲ့သည်။(Xinhua)