Connect with us

Politics, Law & Military

ရန်ကုန် ၊ ပဲခူး နှင့် ဧရာဝတီ တိုင်းဒေသကြီးတို့မှ ရွေးကောက်တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းများ စတင်ကြေညာ

ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက ဆန္ဒမဲရလဒ်များ ထုတ်ပြန်ကြေညာနေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ရန်ကုန် ၊ ပဲခူး နှင့် ဧရာဝတီ တိုင်းဒေသကြီးတို့မှ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ နိုဝင်ဘာ ၉ ရက် ညနေပိုင်းတွင် စတင်ထုတ်ပြန်ကြေညာခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ကိုယ်စားလှယ် ဒေါ်ချိုချို ၊ ရန်ကုန်တိုင်းဒေသကြီး လသာမဲဆန္ဒနယ် တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ကိုယ်စားလှယ် ဒေါ်ခင်မို့မို့အောင်အား ၊ ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ကိုယ်စားလှယ် ဒေါက်တာဦးထွန်းလင်းမော် တို့သည် လွှတ်တော်ကိုယ်စားလှယ်များ အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ ဖြစ်ကြောင်း ကြေညာခဲ့သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမဲဆန္ဒနယ် အမှတ်(၁)တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ကိုယ်စားလှယ် ဦးကျော်ဇေယျ ၊ အုတ်တွင်းမဲဆန္ဒနယ် အမှတ်(၂)တွင် ဦးဌေးလွင်၊ ရန်ကုန်တိုင်းဒေသကြီး လသာမဲဆန္ဒနယ် အမှတ်(၁)တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့် ၊ လသာမဲဆန္ဒနယ် အမှတ်(၂)တွင် ဒေါ်အေးမြမြမျိုး ၊ ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမဲဆန္ဒနယ် အမှတ်(၁)တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ကိုယ်စားလှယ် ဒေါ်အိသူဇာ ၊ ကြံခင်းမဲဆန္ဒနယ် အမှတ်(၂)တွင် ဦးစိုးမြင့်တို့သည် လွှတ်တော်ကိုယ်စားလှယ်များ အဖြစ် ရွေးကောက် တင်မြှောက် ခံရသူများ ဖြစ်ကြောင်း ကြေညာခဲ့သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂၆၀ ဦး အပါအဝင် နိုင်ငံရေးပါတီ ၈၇ ခု မှ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅,၆၃၉ ဦးပါဝင်ယှဉ်ပြိုင်ကြခဲ့ပြီး ဆန္ဒမဲပေးခွင့် ရှိသူ မဲဆန္ဒရှင် ၃၇ သန်းကျော် ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117