လန်ဒန်၊ မတ် ၂၈ ရက်(ဆင်ဟွာ) မူလ သတ်မှတ်ထားသည့် မတ် ၂၉ ရက် Brexit အချိန်ကို ရွှေ့ဆိုင်းရန် ဗြိတိန်အောက်လွှတ်တော်က မတ် ၂၇ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် Brexit နောက်ဆုံးကန့်သတ်ချိန်ကို အတိအကျသတ်မှတ်ထားခြင်းမရှိသေးကြောင်းသိရသည်။
ပါရီ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) Brexit အချိန် ဗြိတိန်ရွှေ့ဆိုင်းရန် ဆုံးဖြတ်မည်ဆိုပါက စဉ်းစားပေးမည်ဟု ပြင်သစ် သမ္မတ မိုက်ခရွန် နှင့် ဂျာမနီ ဝန်ကြီးချုပ်အန်ဂျလာမာကဲ က ဖေဖော်ဝါရီ ၂၇ တွင် ပါရီမြို့၌ ပြောကြားခဲ့ ကြောင်း သိရ သည်။
မေးလ်၊ မတ် ၁၈ ရက် (ဆင်ဟွာ) မော်ဒိုက်နိုင်ငံတွင် H1N1ရောဂါပိုး လျင်မြန်စွာပြန့်ပွားနေ၍ မော်လ်ဒိုက်နိုင်ငံသို့ မတ်လ ၁၈ ရက်တွင် စတင်သွားရောက်လည်ပတ်မည့် ဆော်ဒီဘုရင် ဆော်လ်မန်ဘင်အဗ္ဗဒူလာဇဇ် ၏ ခရီးအစီအစဉ်အား ခေတ္တရွှေ့ဆိုင်းထားခဲ့ကြောင်း မော်လ်ဒိုက်အစိုးရ၏ ထုတ်ပြန်ချက်တစ်ရပ်တွင် မတ်လ ၁၇ ရက်က ဖော်ပြခဲ့သည်။